လူတိုင်းရဲ့ ပါးစပ်ဖျားမှာ “𝐀𝐈 𝐀𝐈” ဆိုပြီးဖြစ်နေကြတဲ့အချိန် 𝐗𝐢𝐚𝐨𝐦𝐢 ကလည်း အားကျမခံ 𝐇𝐲𝐩𝐞𝐫𝐎𝐒 𝟐.𝟎 မှာ 𝐀𝐈 𝐟𝐞𝐚𝐭𝐮𝐫𝐞 တွေကို ထည့်သွင်းလာတယ်လို့ သိရပါတယ်။
ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေထဲကမှ တော်တော်လေးမိုက်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုကတော့ 𝐒𝐮𝐩𝐞𝐫𝐒𝐮𝐦𝐦𝐚𝐫𝐲 ဆိုတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ပဲဖြစ်ပါတယ်။ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကတော့ 𝐀𝐈 ကိုသုံးပြီး 𝐍𝐨𝐭𝐞𝐬 တွေ၊𝐀𝐫𝐭𝐢𝐜𝐥𝐞 အရှည်ကြီးတွေကို နားလည်လွယ်အောင် 𝐒𝐮𝐦𝐦𝐚𝐫𝐢𝐳𝐞 လုပ်ပြီး ချုံ့ပေးလိုက်တာမျိုးပါပဲ။ အဲ့ဒီအပြင် 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 နဲ့𝐖𝐞𝐛 𝐏𝐚𝐠𝐞 တွေက စာတွေကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ရိုက်ပြီး လည်း 𝐒𝐮𝐦𝐦𝐚𝐫𝐲 တွေပြန်ထုတ်ပေးနိုင်ပါသေးတယ်။
ဒါကြောင့် စာဖတ်ဖို့အချိန်သိပ်မရှိတဲ့သူတွေ၊ စာအရှည်ကြီးဖတ်ရမှာပျင်းတဲ့သူတွေအတွက် အတော်လေးကိုအသုံးဝင်စေမယ့် 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးတစ်ခုပဲဖြစ်ပါတယ်။
ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးကိုသုံးဖို့အတွက်ကတော့
𝐍𝐨𝐭𝐞 𝐀𝐩𝐩 ကို 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟖.𝟓.𝟕 တင်ထားပေးရပါမယ်။
ပြီးရင် 𝐍𝐨𝐭𝐞 𝐀𝐩𝐩 >> 𝐒𝐞𝐭𝐭𝐢𝐧𝐠 >> 𝐐𝐮𝐢𝐜𝐤 𝐍𝐨𝐭𝐞 𝐒𝐞𝐭𝐭𝐢𝐧𝐠𝐬 ကို 𝐎𝐧 ထားပေးရပါမယ်။
ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 ထဲက 𝐀𝐫𝐭𝐢𝐜𝐥𝐞 တွေကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ရိုက်လိုက်တာနဲ့ 𝐂𝐫𝐞𝐚𝐭𝐞 𝐒𝐮𝐦𝐦𝐚𝐫𝐲 ဆိုတဲ့ 𝐎𝐩𝐭𝐢𝐨𝐧 လေး ပေါ်လာမှာဖြစ်ပြီး နှိပ်လိုက်ရုံနဲ့တင် 𝐍𝐨𝐭𝐞 𝐀𝐩𝐩 ထဲမှာ 𝐒𝐮𝐦𝐦𝐚𝐫𝐲 လုပ်ပေးထားပြီးသားဖြစ်မှာပါ။
𝐇𝐲𝐩𝐞𝐫𝐎𝐒 𝟐.𝟎 ကလည်း စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတာမလို့ ဘယ်လို 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေထပ်ပြီးပါလာဦးမယ်ဆိုတာကို တူတူစောင့်ကြည့်လိုက်ရအောင်။