အမြဲလိုလို နားကြပ်တပ်ထားပြီး သီချင်းအကျယ်ကြီးနားထောင်တတ်တဲ့သူလား?
ဒါဆိုရင် Apple ရဲ့ Sound Recognition ဆိုတဲ့ Feature လေးကို သိထားသင့်ပါတယ်။
Sound Recognition ဆိုတာက ပတ်ဝန်းကျင်ကအသံတွေကို ဖုန်းက Detect လုပ်ပြီး ကိုယ့်ကိုသတိပေးနိုင်တဲ့ Feature လေးပဲဖြစ်ပါတယ်။
ကလေးငိုတဲ့အသံ၊ ခွေးဟောင်တဲ့အသံ စတာတွေအပြင် Doorbell, Fire Alarm စတဲ့အသံတွေကအစ Detect လုပ်ပေးနိုင်တာကြောင့် နားကြပ်တပ်ပြီး သီချင်းအကျယ်ကြီးနားထောင်နေချိန် ရုတ်တရက် Fire Alarm ထမြည်တာကိုမသိလိုက်တာမျိုး၊ ဒါမှမဟုတ် မှာထားတဲ့ Deli ရောက်လာပြီး Doorbell တီးတာကို မကြားလိုက်ဘဲ လွတ်သွားတာမျိုးမဖြစ်နိုင်တော့ပါဘူး။
ဒီ Feature လေးကိုသုံးဖို့ဆိုရင်
Setting >> Accessibility >> Sound Recognition >> Sounds ထဲမှာ ကိုယ်ကြိုက်တဲ့ အသံတွေကိုရွေးထားလိုက်ရုံပါပဲနော်။