ကိုယ့်ဖုန်းလေးနေမကောင်းဖြစ်လို့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 အပ်ခဲ့ရပေမယ့်
ဖုန်း 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 ပေးခဲ့ရတဲ့အခါတွေမှာ ကိုယ့်ရဲ့ 𝐏𝐫𝐢𝐯𝐚𝐜𝐲 အတွက်
စိတ်မအေး ဖြစ်နေရပြီဆိုရင် ဒါလေးတွေလုပ်ထားလိုက်ပါနော်..
𝐒𝐞𝐜𝐨𝐧𝐝 𝐒𝐩𝐚𝐜𝐞
𝐌𝐈 ဖုန်းတွေမှာဆိုရင် ကိုယ့်ရဲ့ 𝐃𝐚𝐭𝐚 တွေမရှိတဲ့ ဖုန်းအသစ်ပုံစံ 𝐏𝐫𝐨𝐟𝐢𝐥𝐞 တစ်ခုကိုပြပေးအောင်
𝐒𝐞𝐜𝐨𝐧𝐝 𝐒𝐩𝐚𝐜𝐞 လို့ခေါ်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကိုဖွင့်ထားလို့ရပါတယ်ကိုယ်က Second Space ကို သီးသန့် Password နဲ့ Create လုပ်ထားပြီး Service သမားက ဖုန်းကိုစစ်ဖို့လိုအပ်တဲ့အခါမှာ ကိုယ်ကSecond Space Password ကိုပဲ
ပေးထားလိုက်ရုံပါပဲ..
အခြား 𝐏𝐡𝐨𝐧𝐞 𝐁𝐫𝐚𝐧𝐝 တွေမှာလည်း
MI ရဲ့ Second Space လို Feature တွေပါပါတယ်
𝐇𝐢𝐝𝐞 𝐀𝐩𝐩𝐬
ကိုယ်က Service အပ်တဲ့အခါမှာ အရေးကြီးတဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐃𝐚𝐭𝐚 တွေပါတဲ့
Viber, Telegram တို့ကို ဖျက်လည်းမထားချင်ဘူး Log Out လုပ်ထားပေမယ့်လည်း စိတ်မချသေးဘူးဆိုရင်
Third Party App တွေကိုသုံးပြီး Hide လုပ်လို့ရသလို တချို့ Mi ဖုန်းတွေမှာဆိုရင် Third Party App မပါပဲ
Setting > Manage App > Hide App ကနေတစ်ဆင့်Hide ထားလို့ရပါတယ်..
ဒါလေးတွေနဲ့ဆိုရင်တော့ ကိုယ့်ရဲ့ 𝐏𝐫𝐢𝐯𝐚𝐜𝐲 ကို
အထိုက်အလျောက် ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်..