နားကြပ်ကို တစ်ယောက်တစ်ဖက်တပ်ပြီး ကိုယ်ချစ်ရတဲ့သူလေးနဲ့ သီချင်းတူတူနားထောင်၊
ရုပ်ရှင်တူတူကြည့်တာမျိုးကမြင်ရတာ 𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 ဆန်တယ်ထင်ရပေမယ့်
တကယ်တမ်းကျတော့ နားထောင်ရတာ လုံးဝကို အားရစရာမကောင်းတာ အမှန်ပါပဲ။
𝐒𝐚𝐦𝐬𝐮𝐧𝐠 ရဲ့ 𝐃𝐮𝐚𝐥 𝐀𝐮𝐝𝐢𝐨 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးနဲ့ဆို ဒီပြသနာတွေအတွက်အေးဆေးပါပဲ။
ဖုန်းတစ်လုံးကနေ 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐃𝐞𝐯𝐢𝐜𝐞 နှစ်ခုကိုတစ်ပြိုင်တည်း အသံထုတ်လွှင့်ပေးနိုင်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးဖြစ်တာမလို့ နားကြပ်ကိုတစ်ယောက်တစ်ဖက်တပ်စရာ မလိုတော့ပါဘူး။
ဒီ Feature လေးကိုသုံးဖို့ အရင်ဆုံး ကိုယ်သုံးမယ့် Bluetooth Device နှစ်ခုကိုဖုန်းနဲ့အရင်ချိတ်လိုက်မယ်။
ပြီးရင်Notification Panel လေးကိုဆွဲချလိုက်မယ်။
အဲ့ဒီထဲကမှ Media Output ဆိုတာလေးကိုနှိပ်လိုက်မယ်။
ကိုယ်ချိတ်ထားတဲ့ Device နှစ်ခုလုံးကို Select လုပ်ပေးလိုက်ရင်ရပါပြီ။
Device နှစ်ခုလုံးရဲ့ Volume အတိုးအလျော့ကိုလည်း ဒီကနေ Adjust လုပ်လို့ရပါတယ်။