ဖုန်းပြောနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကအသံတွေ အရမ်းဆူလာတယ်ဆိုရင်
ကိုယ်ပြောတဲ့အသံကို ဟိုဘက်ကမကြားရဘဲ ပြန်ပြန်ပြောပြနေရတာ အတော့်ကို စိတ်ညစ်စရာ ကိစ္စပါပဲ။
တစ်ခါတလေ စိတ်မရှည်လို့ အသံအကျယ်ကြီး အော်အော် ပြောရတာလည်း လုံးဝ မမိုက်ပါဘူး။
ဒီလိုပြသနာတွေအတွက် iPhone User တွေမှာ ဖြေရှင်းနည်းရှိပါတယ်နော်။
ဖုန်းပြောနေရင်း ဒီဘက်ကအသံတွေဆူနေတဲ့ အချိန်မျိုးမှာဆိုရင်
Notification bar လေးကို ဆွဲချပြီးတော့
Control Center ထဲက Mic Mode ကိုနှိပ်ပြီး
Voice isolation ကို ရွေးလိုက်ရင် ရပါပြီနော်။
Voice Isolation ကို On ထားပြီဆိုရင်တော့
ကိုယ့်ဘေးနားမှာ ဆူနေတဲ့ အသံလေးတွေကို တတ်နိုင်သမျှ လျှော့ချပေးသွားမှာဖြစ်လို့ ဖုန်းပြောတဲ့အခါ အတော်လေးအဆင်ပြေစေမှာပဲဖြစ်ပါတယ်။