iOS 18 မှာ နောက်ထပ် မိုက်တဲ့ Feature တစ်ခုကတော့ 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 ရဲ့ အလင်းအားကို
ကိုယ်ကြိုက်သလို ချိန်ညှိလို့ရတဲ့အပြင် အလင်းဖြာထွက်တဲ့ပုံစံကိုပါ ပြန်ပြီး Adjust လုပ်နိုင်တာပဲဖြစ်ပါတယ်။
ဒီ 𝗙𝗲𝗮𝘁𝘂𝗿𝗲 လေးကတော့ ဖုန်းအားနည်းပြီး 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 ဖွင့်ဖို့လည်း လိုအပ်နေတဲ့အချိန်မှာ
အားအရမ်းမကုန်စေချင်ရင် သုံးလို့ရသလို တရေးနိုးလို့ 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 ဖွင့်ရင်လည်း
အလင်းအားကြောင့် မျက်လုံးမစူးအောင် သုံးလို့ရပါတယ်။ဒါ့အပြင် ကိုယ် Focus ထားချင်တဲ့နေရာဆီ အလင်းရောင်ကို စုထားလိုက်လို့လည်းရပါတယ်။
ဒီလိုမျိုး ချိန်ညှိပြီးသုံးချင်တယ်ဆိုရင်တော့
Control Centre ပေါ်က 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 𝐈𝐜𝐨𝐧 ကို ဖိထားပြီး
ပေါ်လာတဲ့ 𝐋𝐞𝐯𝐞𝐥 လေးကို ကိုယ့်စိတ်ကြိုက် အပေါ်အောက် ဘယ်ညာဖိထားပြီး သတ်မှတ်ပေးလိုက်ရုံပါပဲ
ဒါဆိုရင်တော့ 𝗖𝗼𝗻𝘁𝗿𝗼𝗹 𝗖𝗲𝗻𝘁𝗲𝗿 ကိုဆွဲချပြီး ဒီ 𝗙𝗲𝗮𝘁𝘂𝗿𝗲 လေးကို အခုပဲစမ်းသုံးကြည့်လိုက်ပါနော်။