iOS 18 ရဲ့ Control Center Customization Feature ကိုအတော်လေး သဘောကျတယ်ဟုတ်?
Control Center ကို ကိုယ့်စိတ်ကြိုက် ဟိုဟိုဒီဒီ Customize ပြန်လုပ်ကြည့်ရတာ အတော်တော့ ပျော်စရာကောင်းမှာအသေအချာပါပဲ။
ဒါပေမယ့် ပျော်စရာမကောင်းတဲ့အပိုင်းကတော့ ကိုယ့်စိတ်ကြိုက် Customize လုပ်ပြီး ရှုပ်ယှက်ခတ်သွားတဲ့အချိန်ပါပဲ။
နဂိုအတိုင်း တစ်ခုချင်းစီ ကိုယ့်ဘာသာပြန်ပြင်လည်း အတော်လေးပျင်းစရာကောင်းပါတယ်။
ဒီလိုမျိုးတွေအတွက် iOS 18.1 မှာအဆင်ပြေမယ့် Setting လေးတစ်ခုရှိပါတယ်။
Setting>>Control Center>>Reset Control Center လေးကို နှိပ်လိုက်ရုံပါပဲ။
ဒါဆိုရင်တော့ ကိုယ်ရှုပ်ထားတဲ့ အရှုပ်လေးတွေကို တစ်ခါတည်းနဲ့ နဂိုအတိုင်း ရှင်းရှင်းလေးပြန်ထားလို့ရပါပြီ။