Ai တွေ အရမ်းခေတ်စားလာတဲ့အချိန်မှာ ကိုယ်ကခေတ်နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။
ဒါကြောင့် Ai Tools တွေထဲက သဘောကျစရာကောင်းတဲ့ Ai Tool တစ်ခုကို ပြောပြချင်ပါတယ်။
အဲ့တာကတော့ Ideogram Ai ပါပဲ။ကိုယ့်ရဲ့ စိတ်ကူးတွေကို ရုပ်ပုံတွေအဖြစ်ဖန်တီးဖို့ဆိုရင် ဒီ Ai လေးက အတော်မိုက်ပါတယ်။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Browser မှာ Ideogram.Ai လို့ရှာလိုက်ပါမယ်။
ပြီးရင် ကိုယ်ဖွင့်မယ့် account ကိုရွေးပြီး Username ကိုရေးပါမယ်။
Website ထဲရောက်ရင် အပေါင်းလက္ခဏာပုံလေးကို နှိပ်လိုက်ပါ။
နှိပ်လိုက်ပြီးရင် ကိုယ်ကြိုက်တဲ့ ပုံကို ဘယ်လိုပုံစံနဲ့ ထုတ်ချင်လဲ ရုပ်ရှင်ဆန်ဆန်လား ပန်းချီဆန်ဆန်လား ကြိုက်တာရွေးလို့ရပါတယ်။
ပြီးတော့ ကိုယ်ထုတ်ချင်တဲ့ ပုံဆိုဒ်ကို Aspect Ratio မှာ ရွေးလို့ရပါတယ်..
“What do you want to create?” မှာကိုယ်လိုချင်တဲ့ Idea ကို ရေးလိုက်ပါမယ်။
နောက်ဆုံး Generate လိုက်မယ်ဆိုရင်တော့ အရမ်းမိုက်တဲ့ပုံလေးတွေ
ထွက်လာမှာပဲဖြစ်ပါတယ်။