Game ဆော့တဲ့အခါ Smooth ဖြစ်ဖို့ အသံနောက်မကျဖို့ Performance ကောင်းဖို့ဆိုတာတွေက Gamer တွေအတွက်တော့ တကယ့်ကို အရေးကြီးတဲ့ အချက်တွေပါပဲ။
ဒီလို Performance ကောင်းဖို့ အတွက် iPhone User တွေအနေနဲ့ လူပြောသိပ်မများသေးတဲ့ Game Mode ကို အသုံးချနိုင်တဲ့အကြောင်းပြောပြချင်ပါတယ်။
Game တစ်ခုခုထဲ ဝင်လိုက်တာနဲ့ Auto On ပေးမှာဖြစ်ပြီး ဝင်ဝင်ချင်းမှာ Game Mode On ဆိုတဲ့ Status လေးကျလာမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က Off ချင်ရင်လည်း အဲ့ဒီ Status လေးကို နှိပ်လိုက်ပြီး Off လိုက်လို့ရပါတယ်။ ဒါပေမယ့် Game mode ကို On ထားပြီး Game ဆော့မယ်ဆိုရင်တော့ အချို့အချက်လေးတွေမှာ ပိုကောင်းလာမှာဖြစ်ပါတယ်။
1. ပုံမှန်အတိုင်းဆော့တာထက် Gameplay ကပိုပြီး Smooth ဖြစ်မယ်။Frame Rate အမြင့်ထားပြီး နာရီနဲ့ချီ Game ဆော့မယ်ဆိုရင်တောင် အဆင်ပြေပြေ ဆော့လို့ရမယ်။
2. Bluetooth Controller တွေနဲ့ ချိတ်ပြီးဆော့မယ်ဆိုရင်လည်း Response ကောင်းကောင်းနဲ့ ဆော့လို့ရမယ်။
3. AirPods Pro 2 နဲ့ ချိတ်ပြီးဆော့မယ်ဆို Latency ပိုလျော့မယ်၊AirPods 3, AirPods Pro, and AirPods Max တွေနဲ့ ချိတ်ပြီးဆော့မယ်ဆို Personalized Spatial Audio ကို ပိုပြီးကောင်းကောင်း Support ပေးနိုင်တာကြောင့် Gameplay ပိုင်းမှာ တော်တော်မိုက်မှာပါ။
ဒီအချက်တွေအပြင်ကိုမှ Game ဆော့ရင်း Lag တာမျိုးတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်လို့ Gamer တွေအတွက်တော့ ဒီ iOS 18 ရဲ့ Game Mode က အတော်လေးကိုမိုက်တဲ့ Feature တစ်ခုလို့ ဆိုနိုင်ပါတယ်။
အခု စာကို ဖတ်နေတဲ့သူတွေထဲမှာရော Game Mode ကို On ဆော့နေတဲ့သူတွေရှိလား။ ဘာတွေ ထူးခြားသွားလည်း ဆိုတဲ့ ထင်မြင်ချက်လေးကိုလည်း Comment မှာ ပြန်သိပါရစေ။