Apple က iPhone 15 pro Series ကစပြီး Mute switch အစား Action Button ကို စတင်မိတ်ဆက်ခဲ့ပါတယ်။
အရင်က Mute Switch တွေရဲ့ အလုပ်လုပ်ပုံက အရမ်းကိုရိုးရှင်းပါတယ် Silent Mode ကို On,Off လုပ်ဖို့လောက်ပါပဲ။
ဒါပေမယ့် Action Button မှာတော့ ခုနက Mute တာကို On,Off လုပ်တာထက်အများကြီးပိုပြီးအသုံးဝင်တဲ့ Function တွေပါလာခဲ့ပါတယ်။Default အနေနဲ့တော့ Silent Mode,Focus, Camera, Flash Light, Voice Memo,Recongnize Music,Translate, Magnifier, Controls, Shortcut,Accessibility,No Action စသဖြင့် Function များစွာထဲက တစ်ခုကိုရွေးပြီး ထားလို့ရမှာဖြစ်ပါတယ်။
ဒီထဲကမှ Action Button ကိုပိုအသက်ဝင်စေပြီး အသုံးတည့်စေတာကတော့ Shortcuts App ပဲဖြစ်ပါတယ်။
Shortcuts App နဲ့ဆိုရင် ကိုယ်ကြိုက်တဲ့ App တွေကို Open လုပ်ပေးတာ၊ ChatGPT နဲ့ Conversation တစ်ခုစပေးတာ၊ Cellular Data ကို Sim တစ်ခုကနေတစ်ခု Switch လုပ်တာ၊ Note အသစ်တစ်ခုအမြန်မှတ်တာ၊ ကိုယ်ချစ်ရတဲ့သူတွေကို လွယ်လွယ်ကူကူ ဖုန်းခေါ်တာ၊ Message ပို့တာတွေအပြင် အခြားအခြားသော Function တွေအများကြီးကိုသုံးလို့ရမှာဖြစ်ပါတယ်။
ဒီလိုမျိုးသုံးဖို့အတွက်ကတော့ Shortcut တစ်ခု အရင် Create လုပ်ပေးဖို့လိုပါတယ်။
Shortcuts App>> ညာဘက်အပေါ်ဘက်က “+” button>> New Shortcut ကိုနှိပ်ပြီး ကိုယ်ကြိုက်ရာနာမည်တစ်ခုပေးမယ် >>အောက်က Action ထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုရွေးပြီး Done ကိုနှိပ်လိုက်ရပါမယ်။
အဲ့တာပြီးရင်တော့ ဖုန်းရဲ့ Setting>> Action Button>> Shortcuts >> Shortcuts အောက်မှာ ခုနက ကိုယ် Create ထားတဲ့တစ်ခုကိုရွေးလိုက်ရင် ရပါပြီ။
ဒါဆိုရင်တော့ Action Button ကိုသုံးပြီး App တစ်ခုတည်းကိုပဲသုံးနေမယ့်အစား အခြား Function တွေအများကြီးကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လုပ်လို့ရသွားမှာပဲဖြစ်ပါတယ်။