မကြာသေးခင်က ကြားခဲ့ရတဲ့သတင်းတွေအရ iOS 18.1 ဟာ October 28 မှာ ထွက်ရှိလာတော့မှာဖြစ်ပြီး ဒီ Update မှာတော့ Apple Intelligence ရဲ့ ကနဦး Features တွေကိုပါ သုံးလို့ရလာတော့မှာဖြစ်ပါတယ်။
Apple Intelligence ကိုတော့ အရင်ကတည်းက Announce လုပ်ခဲ့သလိုပဲ iPhone 15 Pro Series နဲ့ iPhone 16, 16 Pro Series တွေမှာပဲ သုံးလို့ရမှာဖြစ်ပြီး လက်ရှိ iOS 18 အထိတော့ အသုံးပြုလို့မရသေးပါဘူး။
iOS 18.1 မှာ ကနဦးအနေနဲ့ Apple Intelligence ရဲ့ Enhanced writing tools, A new Siri user interface, Noti တွေကို Summarize လုပ်ပေးနိုင်တဲ့ Notification Summaries, Photos App ထဲက ဓာတ်ပုံတွေကို Edit ရာမှာ မလိုချင်တဲ့ Element တွေကို ဖယ်ထုတ်ပေးနိုင်တဲ့ Clean Up Tool စတဲ့ Feature တွေကိုပဲ သုံးနိုင်ဦးမှာဖြစ်ပါတယ်။
ကျန်တဲ့ Chat GPT support, Image Playground, Genmoji Feature နဲ့ Siri ရဲ့ ပိုပြီး အဆင့်မြှင့်ထားတဲ့ Version ကိုတော့ နောက်ထပ် Update အသစ်ဖြစ်တဲ့ iOS 18.2 မှသာ သုံးနိုင်မယ်လို့ သိရပါတယ်။
iOS 18.2 ကိုတော့ 2024 နှစ်ကုန်၊ ဒါမှမဟုတ် 2025 ခုနှစ် အစောပိုင်းလောက်မှာ မိတ်ဆက်မယ်လို့ ခန့်မှန်းထားကြပါတယ်။