အရင်ကဆိုရင် Remind တွေကို Reminder App ထဲမှာသာ သွားရောက် မှတ်ထားရပေမယ့် အခု iOS 18မှာဆိုရင်တော့
Reminder App ထဲမှာသာမက Calendar App ထဲမှာတင် မှတ်ထားနိုင်တော့မှာဖြစ်ပါတယ်။
မှတ်ထားတဲ့ Task တွေကိုလည်း မတူညီတဲ့ Color တွေနဲ့ ခွဲထားနိုင်ပြီး Calendar App ထဲမှာ ကွဲကွဲပြားပြား ပြပေးမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် Calendar ကိုကြည့်ရာမှာလည်း မတူညီတဲ့ View ပုံစံမျိုးနဲ့ ကြည့်နိုင်တော့မှာဖြစ်ပြီး Zoom ချဲ့ကြည့်လို့ရတာ၊ Single Day, Multi Day ပြောင်းပြီးကြည့်လို့ရတာ စတဲ့ Function မျိုးတွေကိုလည်း သုံးနိုင်လာတော့မှာဖြစ်ပါတယ်။
တကယ်လို့ အရေးကြီးကိစ္စတွေလုပ်ဖို့ မေ့သွားမှာ စိုးရိမ်နေရတယ်ဆိုရင် ဒီနည်းလေးအတိုင်း ဖြေရှင်းကြည့်လိုက်ပါနော်။
𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 𝐀𝐩𝐩 >> 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 >> အောက်ဘက်ဆုံးနားက 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫𝐬 ကိုအရင်ရွေးပြီး 𝐃𝐨𝐧𝐞 ကိုနှိပ်ထားပေးရပါမယ်။
ပြီးရင်တော့ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 𝐀𝐩𝐩 >> ညာဘက်အပေါ်ထောင့်က 𝐒𝐞𝐭𝐭𝐢𝐧𝐠 𝐈𝐜𝐨𝐧 >> 𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫 ထဲမှာ ဝင်ပြီး 𝐓𝐚𝐬𝐤𝐬 တွေကို 𝐑𝐞𝐦𝐢𝐧𝐝 လုပ်ထားလို့ရပါပြီ။