September လထဲမှာထွက်ရှိခဲ့တဲ့ Apple Watch OS11 က စိတ်ဝင်စားစရာ Feature တွေနဲ့ပြည့်နေခဲ့ပြီး သဘောကျစရာ Feature အသစ်တစ်ခုကတော့ Translation App ပဲဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ ဘာသာစကား အမျိုး 20 လောက်ထိ Support လုပ်ပေးမှာဖြစ်ပြီး Internet ရှိရုံနဲ့ ဖုန်းတွေမလိုတော့ဘဲ Watch နဲ့တင် Translate လုပ်လို့ရပြီပဲဖြစ်ပါတယ်။
ဒီ Feature လေးကိုသုံးဖို့အတွက်တော့ Translate App ထဲက ကိုယ် Translate လုပ်ချင်တဲ့ Language ကို Swap button နဲ့ ရွေးလိုက်မယ်။
Microphone button ကိုနှိပ်ပြီး တစ်ခုခုပြောလိုက်ရုံပါပဲ။ ပြီးရင်တော့ Play button ကို နှိပ်ပြီး Translate ထားတဲ့အသံတွေကို ပြန်နားထောင်လို့ရပါတယ်။
Translation တွေကို Autoplay ဖို့အတွက်ကတော့ More Options button>>Play Translations ကို နှိပ်ထားရပါမယ်။
Translate လုပ်တဲ့အခါမှာ Typing နဲ့ပါ Translate လုပ်လို့ရပါတယ်။
More Options button>> Mode of Input >>Keyboard ကိုရွေးလိုက်ရင်ရပါပြီ။