Apple က နှစ်နှစ်လောက်အဖက်မလုပ်ဘဲပစ်ထားခဲ့တဲ့ iPhone SE Series က 2025 ရဲ့ အစောပိုင်းမှာ iPhone SE 4 နဲ့အတူ ပြန်ရောက်လာမယ်လို့သတင်းတွေကြားနေရပါတယ်။
Rumors တွေအရတော့ iPhone SE 4 ရဲ့ Design ပိုင်းက iPhone 14 နဲ့ ဆင်တူပြီး 6.08 inches ဝန်းကျင် OLED Display, အပေါ်ပိုင်းမှာ Notch နဲ့ Touch ID နေရာအစား Full Screen Display အဖြစ်ပြောင်းသွားတော့မှာဖြစ်ပါတယ်။
Touch ID နေရာဖြုတ်လိုက်တာကြောင့် iPhone SE 4 မှာ Touch ID အစား Face ID ကိုသုံးထားပေးမယ်လို့ကြားနေရပါတယ်။
SoC ပိုင်းမှာလည်း iPhone 16 မှာသုံးပေးထားတဲ့ SoC အတိုင်းပဲ 8GB Ram, A 18 Chip နဲ့ 5 Core GPU ကိုသုံးပေးထားတာကြောင့်အတော့်ကို ကြမ်းမယ့် Phone တစ်လုံးဖြစ်လာတော့မှာပါ။
SE 4 အကြောင်း သိရသမျှထဲမှာ အလန်းဆုံးအချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ iPhone SE 4 မှာ Apple Intelligence ကို သုံးလို့ရမယ်ဆိုတဲ့ အချက်ပါပဲ။ လက်ရှိ iPhone 15 Pro Series နောက်ပိုင်းဖုန်းတွေမှာသာ Apple Intelligence ကိုသုံးလို့ ရတာဖြစ်လို့ ဒီအချက်ကတော့ အတော်လေးကိုမိုက်ပါတယ်။
ဒုတိယအချက် အနေနဲ့ကတော့ Apple က ပထမဆုံးအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် 5G Modem ကိုသုံးပေးထားတယ် ဆိုတဲ့အချက်ပါပဲ။ ကြားမိရသလောက်တော့ အဓိကအနေနဲ့ Low Power Mode ဖွင့်ထားတဲ့အခါမှာ Battery အားကုန်တာကို ပိုပြီးသက်သာစေမှာပဲဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ Camera ပိုင်းမှာ iPhone 15 မှာသုံးပေးထားတဲ့ အတိုင်း တူတူပဲသုံးထားပေးပြီး တစ်ခုရှိတာကတော့ Ultra Wide နဲ့ Telephoto lenses တွေတော့ပါဝင်မှာမဟုတ်ဘဲ Optical Zoom 2x နဲ့သာ ဓာတ်ပုံတွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဒါတွေကတော့ iPhone SE4 အကြောင်း ကြားသိရသမျှပဲဖြစ်ပြီး ထွက်လာမယ့်ရက်အတိအကျနဲ့ Spec တွေကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။