Apple ရဲ့ 15 Pro Series မှာ ရိုးရိုး Video တွေကို 4K,60fps အနေနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။ Slow Motion Video တွေကိုတော့ 1080p HD,240fps နဲ့သာ ရိုက်ကူးနိုင်ခဲ့ပေမယ့် iPhone 16 Pro Series မှာ ရိုးရိုး Video တွေကိုသာမက Super Slow-Motion Video တွေကိုပါ 4K,120fps နဲ့ရိုက်ကူးလို့ရနေပါပြီ။
iPhone 16 Pro Series ကို သုံးနေတဲ့သူတွေအတွက်တော့ ဒီအချက်က အတော့်ကိုသဘောကျစရာကောင်းပါတယ်။
ဒါပေမယ့် တစ်ခုသိထားရမှာကတော့ 4K,120fps နဲ့ အတော်လေး မြန်တဲ့ Video တွေ (ဥပမာ- ပေါက်ကွဲမှုတွေ၊ Helicopter ရဲ့ Blade တွေ) စတာတွေကို အနှေးပြကွက်နဲ့ ဒရာမာဆန်ဆန် ရိုက်ကူးချင်တဲ့ အချိန်မျိုးတွေမှာ အဓိက သုံးသင့်ပါတယ်။
4K,120fps နဲ့ Slow-Motion Video တွေရိုက်ကူးမယ်ဆိုရင် တစ်မိနစ်စာ Video ကို File size 800mb ဝန်းကျင်လောက် ရှိမှာပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးခပ်မိုက်မိုက် Video တွေကို ရိုက်ကူးချင်တယ်ဆိုရင်တော့
Setting >> Camera >> Record Slo-mo >> 4K,120fps ကိုရွေးလိုက်ရင်ရပါပြီ။