နေ့စဉ်ဘဝမှာ Ai တွေက သိသိသာသာနေရာယူလာကြပြီး Ai Company တွေကလည်း
နည်းပညာအသစ်တွေကို အပြိုင်အဆိုင်ချပြလာကြပါတယ်။
Google ကလည်း လွန်ခဲ့တဲ့ရက်ပိုင်းမှာ သူတို့ရဲ့ Gemini Ai ကိုအဆင့်မြှင့်တင်ထားတဲ့ Gemini Live ကို Android User တွေအကုန်လုံး Free သုံးလို့ရပြီဆိုပြီး ချပြလာခဲ့ပါတယ်။
Gemini Live ဆိုတာကတော့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောသလိုမျိုး Conversation တွေဖန်တီးတာ Research လုပ်တာ အကြံဉာဏ်တောင်းတာ
ဆွေးနွေးတိုင်ပင်တာ စတာမျိုးတွေလုပ်လို့ရတဲ့ AI ChatBot တစ်ခုပဲဖြစ်ပါတယ်။
Gemini Live နဲ့စကားပြောရာမှာ လေယူလေသိမ်းကအစ လူတစ်ယောက်နီးပါး
ကောင်းမွန်တာကိုတွေ့ရပြီး အားနည်းချက်တစ်ခုကတော့ လက်ရှိမှာ English ဘာသာတစ်မျိုးတည်းကိုပဲ Support ပေးဦးမှာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ Android User တွေအနေနဲ့ Google ရဲ့ Gemini Live ကိုစမ်းသုံးကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်နော်။