iOS 18 ရဲ့ ဒီ Feature အသစ်လေးကတော့ Apple Music နဲ့သီချင်းတွေဖွင့်တဲ့အခါ သီချင်းရဲ့ သံစဉ်အတိုင်း Vibrate လုပ်ပေးနေမှာ ဖြစ်ပါတယ်။ Apple Music, Apple Music Classical, Shazam စတဲ့ Platform တွေအပြင် အချို့သောThird-party apps တွေက သီချင်းတွေနားထောင်ရင်လည်း ဒီ Feature ကိုသုံးလို့ရမှာဖြစ်ပါတယ်။
ဒီ Feature ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အကြားအာရုံအားနည်းတဲ့သူတွေအနေနဲ့ သီချင်းရဲ့ စည်းချက်တိုင်းကို လိုက်ပါစီးမျောနိုင်စေဖို့ပဲဖြစ်ပြီး အတော်လေးအသုံးဝင်စေမယ့် Feature လေးတစ်ခုလည်းဖြစ်ပါတယ်။
Music Haptics ကိုဖွင့်ထားဖို့အတွက်တော့
Setting > Accessibility > Music Haptics ဆိုတာလေးကို ဖွင့်ထားပေးလိုက်ရုံပါပဲနော်။
တစ်ခုသတိထားရမှာကတော့ ဒီ Music Haptic Feature လေးက iPhone 12 series နဲ့နောက်ပိုင်း iOS 18 တင်ထားတဲ့ ဖုန်းတွေနဲ့ iPhone SE (3rd generation) အတွက်သာ Support ပေးတာဖြစ်ပြီး အခြား Device တွေမှာတော့ သုံးလို့ရမှာ မဟုတ်ပါဘူး။