ကိုယ်စိတ်ဝင်စားတဲ့
သတင်းလေးမှာ စျာန်ဝင်နေတုန်း
ရုတ်တရက် ပေါ်ပေါ်လာတတ်တဲ့ Ads တွေကြောင့်
စိတ်ရှုပ်ရနေရပြီဆိုရင် ဒီနည်းလေးအတိုင်း ဖြေရှင်းလို့ရပါတယ်။
ပထမဆုံး Setting ထဲက Safari ထဲကိုဝင်မယ်။
ပြီးရင် Block Pop Up ကို On ပေးလိုက်မယ်။
Back ထွက်ပြီးတာနဲ့ Google Chrome ထဲဝင်ပြီး
Setting ကိုနှိပ်လိုက်မယ်။
Content Setting ထဲတစ်ချက်ဝင်လိုက်ပြီး
Block Pop Up ကို On ပေးလိုက်ရုံပါပဲ။