“သူ” ဆိုတာကတော့ iOS 18 မှာ ပါလာတဲ့ Video Recording Pause လုပ်လို့ရတဲ့ Feature အသစ်လေးပဲဖြစ်ပြီး
Video ရိုက်နေချိန်မှာ Pause လုပ်နိုင်တဲ့ အရမ်းအသုံးဝင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။
အရင်က Video ရိုက်ရင် အမြဲပြန်ပြီး Edit ရတာတွေကြောင့် အချိန်ကုန်ရတာမျိုးတွေရှိပေမဲ့
အခုတော့ ဒီ Feature လေးနဲ့ ကိုယ့်စိတ်ကြိုက် ခဏခဏ Pause လုပ်လို့ရပြီဖြစ်တာကြောင့် အများကြီး ပိုအဆင်ပြေလာပါတယ်။
ဒီ Feature ကို အသုံးပြုဖို့ကတော့ Video ရိုက်နေတဲ့ အချိန်မှာ Video Recording Button ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Pause Button လေးကို နှိပ်လိုက်ရုံပါပဲ။