Android 15 ကတော့ အရင် Update တွေထက် ပိုကောင်းတဲ့ပုံစံမျိုးနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ဒါ့အပြင် အတော်လေးမိုက်တဲ့ Feature တွေအများကြီးလည်းပါဝင်လာတာကို တွေ့ရပြီး ဒီထဲကမှ အသုံးဝင်စေမယ့် Feature လေးတွေကိုပြောပြပေးသွားပါမယ်။
1. Notification Cooldown
ဒီNotification Cooldown Feature လေးနဲ့ဆို တစ်ယောက်ယောက်က ဒါမှမဟုတ် App တစ်ခုခုက စာတွေဆက်တိုက်ပို့လာချိန်မှာ ပထမဆုံး Noti တစ်စောင်နှစ်စောင်အတွက်ပဲ ပုံမှန်အတိုင်းအသံမြည်ပေးမှာဖြစ်ပြီး ဝင်လာတဲ့စာတွေ များလာတာနဲ့အမျှ အသံကပြေပြေလေးနိမ့်သွားမှာ ဖြစ်တာကြောင့် Notification အသံတွေအတွက်နဲ့ စိတ်အနှောင့်အယှက် မဖြစ်ရတော့ပါဘူး။
2. Adaptive Vibration
Adaptive Vibration Feature လေးကတော့ ဖုန်းကို ကိုယ်ထားထားတဲ့နေရာအပေါ် မူတည်ပြီး Vibration ကို အတိုးအလျှော့လုပ်ပေးမှာပဲဖြစ်ပါတယ်။ အချို့နေရာတွေ (ဥပမာ – ဆိုဖာ) ပေါ် တင်ထားတဲ့အခါမှာ Vibration နှုန်းကပိုများမှာဖြစ်ပြီး၊ စားပွဲပေါ်မှာတင်ထားတဲ့အခါမှာတော့ ပုံမှန် Vibration နှုန်းပဲဖြစ်ပါလိမ့်မယ်။ဒါကြောင့် ဖုန်းကို Silent လုပ်ထားမိတဲ့အချိန်မှာတောင် ဖုန်းဝင်လာတာတွေကို လွတ်မသွားနိုင်တော့ပါဘူး။
3. Single App Recording
Single App Recording Feature လေးကတော့ ဖုန်းရဲ့ Screen Recording ကို ကိုယ် Record ထားချင်တဲ့ App တစ်ခုအတွက်ပဲ ဖမ်းထားပေးမှာဖြစ်ပြီး Record လုပ်နေချိန် Notification ဒါမှမဟုတ် ဖုန်းဝင်လာတာတွေက Recording ထဲမှာ ပါလာတော့မှာ မဟုတ်ပါဘူး။
ဒီအချက်တွေကတော့ Android 15 ရဲ့ ကွဲထွက်နေတဲ့ Feature တွေပဲဖြစ်ပြီး အခြားအခြားသော Features အသစ်တွေလည်းအများကြီးကျန်နေပါသေးတယ်။