iOS 18 နဲ့အတူ အတော်များတဲ့ ပြောင်းလဲမှုတွေ၊ Feature အသစ်တွေပါလာခဲ့ပါတယ်။
ဒီ Feature အသစ်တွေအများကြီးထဲကမှ ကားစီးရင်းနဲ့ ဖုန်းသုံးတတ်တဲ့ iPhone User တွေမဖြစ်မနေ စမ်းကြည့်သင့်တဲ့ Feature တစ်ခုကတော့ Vehicle Motion Cues ဆိုတဲ့ Feature လေးပဲဖြစ်ပါတယ်။
ဒီ Feature လေးကို On ထားမယ်ဆိုရင် ကားစီးနေရင်း ဖုန်းသုံးရင်ဖြစ်တတ်တဲ့ ခေါင်းမူးတာမျိုးတွေကို လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီ Feature လေးကို ဘယ်လို On ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
ပထမဆုံးအနေနဲ့တော့ ကိုယ့်ဖုန်းရဲ့ Setting ထဲက Accessibility ထဲကိုဝင်လိုက်ပါမယ်။
အဲ့ဒီကတစ်ဆင့် Motion ထဲက Vehicle Motion Cues ကို On လိုက်မယ်ဆိုရင် ရပါပြီ။
ဒီ Feature လေးကို စမ်းသုံးကြည့်ကြတဲ့သူတွေ တော်တော်များများမှာ ဖုန်းသုံးရင်း ခေါင်းမူးတာမျိုးလျော့နည်းသွားကြောင်း၊ တကယ်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ကြောင်း ပြန်လည်မျှဝေထားကြတာကို တွေ့ရတာကြောင့် အကယ်၍ စမ်းမသုံးကြည့်ရသေးဘူးဆိုရင် သေချာပေါက် စမ်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
………..