Apple ရဲ့ နောက်ဆုံး Launch လုပ်ခဲ့တဲ့ iPhone 16 Series မှာ အထူးခြားဆုံးတွေထဲက တစ်ခုကတော့ Camera Control ပဲဖြစ်ပါတယ်။ ဒီ Camera Control Button ကို ပုံမှန်ဆိုရင် Shortcut Key လိုမျိုး နှိပ်လိုက်တာနဲ့ ဖုန်းရဲ့ Default Camera ကိုဖွင့်ပေးတာမျိုး၊ ပုံရိုက်တာ၊ Video ရိုက်တာတွေမှာသုံးကြပေမယ့် Camera Control နဲ့ ပတ်သက်လို့ အခြားသိထားသင့်တဲ့ အချက်ကလေးတွေလည်းရှိပါသေးတယ်။
ဒီအချက်တွေထဲကမှ တကယ်အသုံးဝင်စေမယ့် အချက်နှစ်ချက်ကို ပြောပြပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ကတော့ Camera Control Button ကိုနှိပ်လိုက်ရင် Default Camera App တင်မကဘဲ အခြား Magnifier, Code Scanner အပြင် Instagram, Snapchat စတဲ့ Third Party App တွေကိုပါ ပြောင်းပြီးဖွင့်ပေးနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။
ဒီ Feature လေးကို ဖွင့်ဖို့အတွက်တော့
Setting > Camera > Camera Control ထဲကို ဝင်လိုက်ပြီး အောက်ဘက်အဆုံးနားမှာ ကိုယ်သုံးချင်တဲ့ Camera App ကိုရွေးလိုက်လို့ရပါပြီ။
ဒုတိယအချက်ကတော့ Camera Control Button ကို Pressure Adjust လုပ်ထားလို့ရတာပဲဖြစ်ပါတယ်။
ဆိုလိုတာကတော့ Camera Control Button ကိုသုံးဖို့ လက်နဲ့သာသာလေးဖိရုံပဲလား ဒါမှမဟုတ် နည်းနည်းပိုပြီးဖိပေးရမလား ဒါမှမဟုတ် လုံးဝသုံးလို့မရအောင်ပိတ်ထားမလား ဆိုတာမျိုးကိုပြန်ရွေးလို့ရတာမျိုးပဲဖြစ်ပါတယ်။ ဒီအချက်ကြောင့် Camera Control Button ကိုမှားထိမိတာမျိုးတွေကနေ ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Setting > Accessibility > Camera Control ထဲဝင်ပြီး Lighter, Default နဲ့ Firmer ဆိုတဲ့ သုံးခုထဲကနေ အဆင်ပြေမယ့်တစ်ခုကိုရွေးသုံးလို့ရပါပြီ။
Button ကိုလုံးဝပိတ်ထားချင်ရင်တော့ အပေါ်ဆုံးနားက Camera Control On ထားတာကို ပိတ်ထားပေးလိုက်ရုံပါပဲ။