2024 က Mobile Phone လောကအတွက် အပြောင်းအလဲတွေ အတော်များခဲ့တဲ့နှစ်လို့ပဲ ဆိုရမယ်။
Apple ရဲ့ Update အသစ်တွေ၊ iPhone 16 series Launch လုပ်ခဲ့တာတွေ၊ Android ဖုန်းအသစ်တွေအများကြီး ပေါ်လာတာတွေ၊ Ai Phone တွေ ပေါပေါများများဖြစ်လာတာတွေ၊ စသဖြင့် အပြောင်းအလဲတွေ၊ တိုးတက်လာမှုတွေ မနည်းမနောပါပဲ။
အဲ့ဒီပြောင်းလဲမှုတွေနဲ့ အသစ်အသစ်တွေထဲကမှ အမိုက်ဆုံးတစ်ခုကို ရွေးပြပါဆိုရင် Huawei ရဲ့မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate XT ကိုပဲ လက်ညှိုးထိုးမိမှာပါ။
ဒီခေါက်ဖုန်းကို အဓိကထူးခြားစေတဲ့အချက်က ပုံမှန်အခြားပုံမှန်ခေါက်ဖုန်းတွေလိုမျိုး နှစ်ခေါက်ချိုးရုံပဲ မဟုတ်ဘဲ Tri-Fold လို့ခေါ်တဲ့ သုံးခေါက်ချိုး ဖုန်းဖြစ်နေတာပါပဲ။
ပုံမှန် နှစ်ခေါက်ချိုး Foldable ဖုန်းတွေမှာတောင် ခေါက်လိုက်ရင် အတော်ထူပြီး အတော်လည်း လေးတာမလို့ ဒီလိုသုံးခေါက်ချိုးဖုန်းဆိုရင် ပိုဆိုးမှာပေါ့လို့ တွေးမိနေရင်တော့ မှားသွားမှာပဲဖြစ်ပါတယ်။
သူ့ရဲ့ အထူက 12.8mm ပဲရှိပြီး ဒီအထူက Samsung Z Fold 6 ထက် 1mm နီးပါးလောက်ပဲ ပိုပါတယ်။ အလေးချိန် အနေနဲ့လည်း 298g လောက်ပဲရှိပြီး Screen သုံးခုပါတဲ့ ဖုန်းတစ်လုံးအနေနဲ့တော့ အတော်လေးပေါ့တယ်လို့ပြောလို့ရပါတယ်။
Display ပိုင်းမှာတော့ Tri-foldable LTPO OLED နဲ့ Screen Size 10.2inches ရှိပြီး တကယ့် Tablet တစ်လုံးစာလောက်ကို ကြီးပါတယ်။
CPU ပိုင်းမှာတော့ Kirin 9010(7nm) ကိုပဲသုံးထားပေးတာကြောင့် ဒီလိုဖုန်းမျိုးအတွက်တော့ သိပ်မမိုက်ဘူးလို့ပဲဆိုရမှာပါ။
Camera ပိုင်းမှာတော့ Main Camera ကို 50MP, 12MP (periscope telephoto),12MP (ultrawide) နဲ့ Selfie Camera ကိုတော့ 8 MP တစ်လုံးသုံးထားတာမလို့ Camera ပိုင်းမှာတော့ အတော်လေးမိုက်တဲ့အနေအထားမှာရှိပါတယ်။
အသံပိုင်းအတွက်တော့ ပုံမှန်အတိုင်း Stereo Speaker ကိုသုံးပေးထားပြီး Fingerprint ကတော့ Side-Mounted ဖြစ်ပါတယ်။
5600mAh Battery ဆိုတော့ ကောင်းကောင်းသုံးလို့ရမှာပဲဖြစ်ပြီး Charging အတွက်ကလည်း Wired နဲ့ဆို 66W Support ပေးမှာဖြစ်ပြီး Wireless ကို 55W ထိ Support ပေးတာကြောင့် အားသွင်းရာမှာ အကြာကြီးစောင့်စရာမလိုတော့ဘဲ ဒီအချက်ကတော့ အတော့်ကိုမိုက်တာပါ။
ဒါပေမယ့်လည်း Foldable ဖုန်းတွေရဲ့ ထုံးစံအတိုင်း Bugs တွေ Error တွေရှိလာဦးမလားဆိုတာကတော့ ပြောလို့မရသေးပါဘူး။
အားလုံးကိုချုံပြီးပြောရမယ်ဆိုရင်တော့ ပထမဆုံး သုံးခေါက်ချိုးအနေနဲ့ ပွဲဦးထွက်လာတဲ့ Huawei ရဲ့ Mate XT က လက်ရှိမှာတော့ China မှာပဲ Launch လုပ်ထားပြီး Global အနေနဲ့ Launch လုပ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းအနေနဲ့ကလည်း ဖုန်းတစ်လုံးအနေနဲ့ဆို အတော်လေးကိုများတယ်လို့ဆိုရမှာပါ။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အတော်မိုက်တဲ့ဖုန်းတစ်လုံးအတွက်တော့ တန်တယ်လို့ပဲဆိုရမှာဖြစ်ပြီး ဒီဖုန်းကလည်း ကျွန်တော်တို့ မဖြစ်မနေစောင့်ကြည့်သင့်တဲ့ ဖုန်းတွေထဲက ထိပ်ဆုံးတစ်ခုပါပဲ။