နံပါတ်တစ်အချက်အနေနဲ့တော့ Optimized Battery Charging ကိုမပိတ်ပါနဲ့။
Optimized Battery Charging ကတော့ ဖုန်းအားသွင်းနေတဲ့အချိန်မှာ Overcharging တွေမဖြစ်အောင် လုပ်ဆောင်ပေးတဲ့ Feature လေးဖြစ်တဲ့အတွက် ဒီ Feature လေးကို မပိတ်ထားသင့်ပါဘူး။
နံပါတ်နှစ်အချက်အနေနဲ့ကတော့ ဖုန်းအားကို 0% ထိရောက်အောင်မသုံးပါနဲ့။
ဖုန်း Battery ကို 0% ထိရောက်အောင်သုံးတာဟာ Battery Lifespan ကို ပိုတိုစေတာကြောင့် ဖုန်းအားကို 20% လောက်ရောက်တာနဲ့ သွင်းပေးတာကအကောင်းဆုံးပါပဲ။
နံပါတ်သုံးအချက်ကတော့ အားသွင်းရင်းဖုန်းမသုံးဖို့ပါပဲ။
အားသွင်းရင်း ဖုန်းကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းကို ပိုပြီး Overheat ဖြစ်စေတဲ့အတွက် Battery အား ကြာကြာမခံတာတွေ၊ Battery ဖောင်းတာတွေအပြင်၊ Internal Component တွေကိုပါထိခိုက်နိုင်တာမလို့ အားသွင်းရင်း ဖုန်းသုံးတာကိုရှောင်ကြဉ်ပေးရပါမယ်။
ဒါ့အပြင် Quality မကောင်းတဲ့ အားသွင်းကြိုးတွေ၊ Wattage မညီတဲ့ အားသွင်းကြိုတွေနဲ့ အားသွင်းမိတဲ့အခါမှာ
Battery Health ကို ထိနိုင်တာမလို့ MFI ပါတဲ့ကြိုးတွေ၊ Original ကြိုးတွေနဲ့ Power Bank တွေကိုသာ ရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။
အပေါ်ကပြောသွားတဲ့ အချက်တွေအပြင် ဖုန်းကိုနေပူထဲပစ်ထားတာ၊ အားမသွင်းဘဲ အကြာကြီးပစ်ထားတာ စတဲ့ အချက်တွေကလည်း ဖုန်းရဲ့ Battery ကို အတော်လေးထိခိုက်နိုင်တာကြောင့် မလုပ်သင့်ပါဘူးနော်။
ဒီအချက်လေးတွေကိုရှောင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဖုန်း Battery လေးက Error ဖြစ်တာတွေ Battery Health အကျမြန်တာမျိုးတွေလုံးဝဖြစ်တော့မှာ မဟုတ်ပါဘူး။