iOS Update အသစ်ထွက်လို့တင်မယ်လုပ်တိုင်း Download လုပ်မရဘဲ Error ကြီးပေါ်ပေါ်လာလို့
“မြင်သာမြင်ရ မကြင်ရ” ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်း (3) ခုအတိုင်းဖြေရှင်းလို့ရပါတယ်။
(1) ပထမနည်းကတော့ ကိုယ့်ဖုန်းမှာ Storage ပြည့်လုနီးပါးဖြစ်နေပြီလားဆိုတာကို
Settings > General > iPhone Storage ထဲကနေတစ်ဆင့် ကြည့်ပေးရပါမယ်။
တကယ်လို့စက်ပြည့်နေတယ်ဆိုရင် အသုံးမလိုတော့တဲ့ Video တွေ, File တွေကိုဖျက်ပေးလိုက်ပါ။
ပြီးရင် Down ထားတဲ့ iOS Update File ကိုရှာဖျက်ပြီးမှ အသစ်ပြန် Down ပေးရင် ရပါတယ်။
(2) ဒုတိယနည်းကတော့ Force Restart ချတာပါ။
iPhone X နဲ့အထက် Model တွေမှာဆိုရင် Volume Down ကိုတစ်ချက်၊ Volume Up ကိုတစ်ချက် မြန်မြန်နှိပ်ပြီး
Power Button ကို Logo ပေါ်လာတဲ့အချိန်ထိ ဖိထားပေးရမှာပါ။
ဒီနည်းကလည်း အချို့ iPhone တွေမှာ တကယ်အသုံးဝင်ပါတယ်။
(3) နောက်ဆုံးအနေနဲ့ ကိုယ်က Cellular Data နဲ့ Download ဆွဲနေတယ်ဆိုရင်
Router ကလွှင့်တဲ့ လိုင်းကောင်းတဲ့ Wifi နဲ့ချိတ်ပြီးမှပြန် Down ကြည့်တာမျိုး၊
VPN ချိတ်ထားတယ်ဆိုရင် ဖြုတ်ပြီးမှပြန် Down ကြည့်တာမျိုးတွေလုပ်ပေးကြည့်ပါ။
ဒါဆိုရင်တော့ Software Update တင်မရတဲ့ Error တွေကို ဖြေရှင်းလို့ရသွားမှာပါ။