ပို့ချင်တဲ့ပုံလေးတွေကို Messenger (ဒါမှမဟုတ်) Telegram ကနေ
ပို့တော့မယ်လုပ်ကာမှ ရွေးစရာပုံတွေပေါ်မလာဘဲဖြစ်နေတယ်ဆိုရင်
ဒီနည်းလမ်းအတိုင်း တစ်ဆင့်ချင်းဆီ လုပ်ပေးလိုက်ပါ။
အရင်ဆုံး Setting ထဲကိုဝင်ပြီး Messenger ကိုနှိပ်လိုက်မယ်။
ပြီးရင် ပေါ်လာတဲ့အထဲက Photo ကိုရွေးပြီး Full Access ဆိုတာကို ထပ်ရွေးပေးလိုက်ရင် ရပါပြီ။