𝐒𝐜𝐫𝐞𝐞𝐧 𝐒𝐢𝐳𝐞 ကြီးတဲ့ iPhone တွေမှာ လက်တစ်ဖက်တည်းနဲ့ဖုန်းသုံးနေတဲ့အချိန်
ဖုန်းအပေါ်ပိုင်းမှာရှိတဲ့ အရာတွေကို လှမ်းနှိပ်ဖို့ဆိုတာက တော်တော်လေးမလွယ်တဲ့ကိစ္စပါ။
ဒါဆိုရင်တော့ ကိုယ့် ဒီနည်းလမ်းအတိုင်း 𝐑𝐞𝐚𝐜𝐡𝐚𝐛𝐢𝐥𝐢𝐭𝐲 ဖွင့်ပြီး
ဖုန်းကိုလက်တစ်ဖက်တည်းနဲ့ အထာကျကျသုံးလို့ရပါတယ်။
1. အရင်ဆုံး Phone Setting ထဲက Accessibility ထဲကိုဝင်၊
2. Touch ထဲကိုဝင်ပြီး Reachability လေးကိုဖွင့်၊
3. ပြီးရင်ဖုန်းအောက်က Home Indicator ကိုလက်မနဲ့အောက်ကိုဆွဲပေးလိုက်ပါ
ဒါဆိုရင် ကိုယ်လက်တစ်ဖက်တည်းနဲ့ဖုန်းသုံးနေတဲ့အချိန် လက်လှမ်းမမီတဲ့အရာတွေကို ဒီနည်းအတိုင်းနှိပ်လို့ရပါပြီ။
တကယ်အသုံးဝင်တဲ့ နည်းလေးမလို့ စမ်းဖြစ်အောင်စမ်းသုံးကြည့်လိုက်ပါနော်။