အလုပ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ လူမှုရေးနဲ့ပတ်သက်တာပဲ ဖြစ်ဖြစ်
အရေးကြီး Message တွေကို အချိန်မီပို့ပေးဖို့ သတိမေ့တတ်တယ်ဆိုရင်
Telegram မှာ Message ကို အောက်ကနည်းလမ်းလေးအတိုင်း Schedule ထားပြီး
အချိန်ကိုက်ပို့လို့ရပါတယ်။
ပထမဆုံး Telegram ထဲမှာ ကိုယ်ပို့ချင်တဲ့စာကိုရေးပြီး
ဘေးက Send ကိုခပ်ကြာကြာဖိထားပေးလိုက်မယ်။
ပေါ်လာတဲ့အထဲက Schedule Message ကိုရွေးပေးလိုက်ပါ။
ပြီးရင် ကိုယ်ပို့ချင်တဲ့ Date နဲ့ Time ကိုရွေးပီး Send ကိုနှိပ်ပေးရပါမယ်။
ဒီလိုလုပ်ထားမယ်ဆိုရင် ရွေးထားတဲ့အချိန်ကိုရောက်ပြီဆိုတာနဲ့
Noti တက်လာပြီး Message ပို့ချင်တဲ့သူဆီကို Auto ပို့ပေးသွားမှာဆိုတော့
ကိုယ်သတိရတဲ့အချိန်မှာ ကြိုပြီး Schedule ထားလိုက်ရုံပါပဲ။