ကိုယ့် 𝐌𝐢 𝐏𝐡𝐨𝐧𝐞 ရဲ့ 𝐁𝐚𝐭𝐭𝐞𝐫𝐲 က တအိအိနဲ့ အားကုန်တာ အရမ်းမြန်နေတယ်ဆိုရင်
အခုပြောပြမယ့်နည်းလမ်းတွေအတိုင်း အားပိုခံအောင် လုပ်လို့ရပါတယ်။
>> နောက်ကွယ်မှာ အချို့သော App တွေ , 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေ 𝐑𝐮𝐧 မနေအောင် 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐒𝐚𝐯𝐢𝐧𝐠 𝐌𝐨𝐝𝐞 ကိုဖွင့်ပေးထားသင့်ပါတယ်။
ဖွင့်မယ်ဆိုရင် Settings > Battery > Save Battery ဆိုတာကိုရွေးပေးလိုက်ပါ။
>> ဖုန်း Power ဖွင့်ဖွင့်ချင်း App တွေက ကိုယ်မသုံးဘဲနဲ့ 𝐀𝐮𝐭𝐨 𝐑𝐮𝐧 နေတာမျိုးမဖြစ်ရအောင် 𝐀𝐮𝐭𝐨 𝐒𝐭𝐚𝐫𝐭 ကိုပိတ်ပြီးသုံးပေးပါ။
Auto Start ပိတ်ဖို့အတွက်ဆိုရင် Settings > Permission > Autostart ထဲမှာ ဖွင့်ထားတာတွေကို ပိတ်ပေးလိုက်ပါ။
>> 𝐑𝐞𝐟𝐫𝐞𝐬𝐡 𝐑𝐚𝐭𝐞 ကိုအမြင့်ဆုံးထားသုံးတာကလည်း Battery အားကို သိသိသာကုန်နိုင်တာမလို့ Refresh Rate ကိုလျှော့သုံးပေးပါ။
Settings > Display > Refresh Rate > Refresh Rate ကိုနှိပ်ပြီး 60Hz ပြောင်းသုံးပေးလိုက်ပါ။
>>မလိုအပ်ဘဲ ဖုန်း Display ကို လင်းထိန်နေအောင်ထားရင်လည်း ဖုန်းအားကုန်မြန်နိုင်လို့ 𝐀𝐮𝐭𝐨 𝐁𝐫𝐢𝐠𝐡𝐭𝐧𝐞𝐬𝐬 ကိုဖွင့်သုံးတာအကောင်းဆုံးပါပဲ။
Settings > Display > Brightness Level > Automatic Brightness Level ကို ဖွင့်ပေးထားလိုက်ရုံပါပဲ။
ဒီနည်းတွေနဲ့ဆိုရင် Mi Phone တွေမှာ Battery အားသိသိသာသာပိုခံလာတာကို တွေ့ရပါလိမ့်မယ်။