ကိုယ်က ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့
အရေးကြီးတဲ့ Information တွေကို မျှဝေဖို့အတွက်
Telegram Group Chat ထောင်ထားပေမယ့်
Group ထဲကလူတွေက အလာပသလ္လာပပဲ ပြောနေကြလို့
မလိုအပ်တဲ့ Message တွေ ပွထမနေရအောင် Slow Mode ခံထားလို့ရပါတယ်
ဒီလိုလုပ်ထားမယ်ဆိုရင် စာအဝင်နှေးသွားမှာ ဖြစ်ပါတယ်။
Slow Mode ခံဖို့အတွက် အရင်ဆုံး စာအဝင်များနေတဲ့ Group ရဲ့ Name ကိုနှိပ်လိုက်မယ်။
ပေါ်လာတဲ့အထဲက Pen ကိုရွေးပြီး Permission ကိုနှိပ်လိုက်မယ်။
ဒီလိုဆိုရင် Slow Mode ပေါ်လာမှာဖြစ်ပြီး ကိုယ့်ကြိုက်တဲ့ကြာချိန်ကို ရွေးပေးထားမယ်ဆိုရင်
အဆက်မပြတ် တတောင်တောင်မြည်နေတော့မှာ မဟုတ်ပါဘူး။