Apple က iOS 18 နဲ့အတူ အမိုက်စား Changes တစ်ခုဖြစ်တဲ့
Camera Setting Feature အသစ်တစ်ခုကိုပါ ယူဆောင်လာခဲ့ပါတယ်။
18 Update မတိုင်ခင်က သီချင်းဖွင့်ထားတုန်း Camera နဲ့ Video ရိုက်လိုက်ပြီဆိုရင်
ဖွင့်ထားတဲ့သီချင်းက ရပ်ရပ်သွားလို့ စိတ်ညစ်ခဲ့ရဖူးတယ်မလား။
ခုပြောပြမယ့် Feature နဲ့ Video ရိုက်မယ်ဆိုရင်တော့ သီချင်းသံ ရပ်မသွားတဲ့အပြင်
Video မှာသီချင်းထည့်ဖို့အတွက် Edit ထပ်လုပ်စရာလည်း မလိုတော့ပါဘူး။
ဒါကြောင့် iOS 18 ရဲ့ ဒီ Camera Setting Feature က
သီချင်းဖွင့်ထားပြီး Video ရိုက်ချင်တဲ့သူတွေအတွက် Amazing Feature တစ်ခုပါပဲ။
ဒီ Feature ကို Setup လုပ်ဖို့အတွက်
အရင်ဆုံး Setting ထဲက Camera ကိုနှိပ်မယ်။
ပြီးရင် Record Sound ကိုသွား၊
Allow Audio Playback ကို Turn On လုပ်လိုက်ရုံပါပဲ။