ဖုန်းအားသွင်းထားပြီးလည်း အိပ်ချင်တယ်။
ကိုယ့်ဖုန်းရဲ့ Battery Health ကိုထိခိုက်မှာလည်းကြောက်တယ်ဆိုရင်
Xiaomi နဲ့ Redmi ဖုန်းတွေမှာ Optimized Battery Charging ဆိုတဲ့ Feature ကို ဖွင့်ထားပေးလိုက်ပါ။
ဒီ Feature လေးက ကိုယ့်ဖုန်းရဲ့ Battery ကို 60% ကနေ 90% အထိ
Limit ထားပြီး ဖုန်းအားသွင်းလို့ရမှာပါ။ ဒီလိုမျိုး Limit လုပ်ထားလိုက်ရင်
ကိုယ်ရွေးထားတဲ့ Limit ကိုရောက်ပြီဆိုတာနဲ့ အလိုအလျောက် Disconnected ဖြစ်သွားမှာဆိုတော့
အားပြည့်လွန်ပြီး Battery Health ထိခိုက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။
ဒီ Feature လေးကို အသုံးပြုချင်တယ်ဆိုရင်
အရင်ဆုံး Setting ထဲက Battery ထဲကိုဝင်လိုက်ပါ။
ပြီးရင် Battery Protection ထဲကိုထပ်ဝင်လိုက်မယ်။
ပေါ်လာတဲ့အထဲက Optimized Charging ကိုရွေးပြီး
Charging Auto-Disconnect ကို On ပေးလိုက်ရုံပါပဲ။