Camera အကြောင်းကနေ အစချီလိုက်ရအောင်။
Camera အသားပေးဖုန်းပီပီ Main Camera ကို 108MP သုံးပေးထားတယ်။
နောက်တစ်ခုက ဒီဈေးတန်းနဲ့ တခြား Brand မှာမရနိုင်တဲ့
50MP Ultra Wide Camera ကိုသုံးပေးထားတာတော့ မိုက်တယ်။
ပုံရိုက်ဖို့ Frame မှာချိန်နေတုန်းတော့ ရုပ်ထွက်ပိုင်းက ထင်သလောက် အားရစရာကောင်းမနေပေမယ့်
AI Camera တို့ထုံးစံအတိုင်း ရိုက်ပြီးထွက်လာတဲ့ပုံတွေကတော့ မဆိုးဘူးလို့ဆိုရမယ်။
Selfie ကိုလည်း 50MP သုံးပေးထားတော့ တစ်ကိုယ်တော်ပဲ Selfie ဆွဲဆွဲ၊ Group လိုက်ပဲ Selfie ဆွဲဆွဲ မျက်နှာငယ်စရာမလိုဘူးပေါ့။
ဒီဖုန်းက Vlog တွေရိုက်မယ်ဆိုရင် 2K Resolution အထိရတယ်။
ပြီးတော့ AI Focus ကိုဖွင့်ထားရင် Camera ချိန်လိုက်တာနဲ့ Auto Focus ဖြတ်ပေးတယ်။
အဲ့တော့ ရိုက်နေရင်း Focus Out သွားတာ၊ ဘာညာအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။
မိုက်တဲ့အချက်နောက်တစ်ချက်က ဖုန်းနဲ့ Selfie Video ရိုက်နေရတယ်ဆိုပေမယ့်
Hand Shake ဖြစ်ပြီး Video မငြိမ်ဖြစ်သွားတာမျိုး မတွေ့ရဘူး။
Dual Flash Tone လည်းပါတာမလို့ နေ့ရောညပါ Vlog ရိုက်တတ်သူတွေအတွက် အရမ်းအဆင်ပြေတယ်။
ဒီလောက်ဆိုရင်တော့ Vlog Phone လို့လက်ခံရလောက်တဲ့ အနေအထားမှာတော့ရှိတယ်ပေါ့နော်။
နောက်ထပ် Vlog Phone လို့ပြောနိုင်တဲ့အရာတစ်ခုလည်းပါသေးတယ်။
အဲ့တာကတော့ Vlog Template တွေပါလာတာပဲ။
ကိုယ့်စိတ်ကြိုက် Daily Vlog, Fashion Vlog တွေကိုရိုက်ဖို့ Colorနဲ့ Video Cut တွေကို ခေါင်းစားစရာမလိုဘဲနဲ့
Template တစ်ခုကိုရွေးလိုက်ရုံနဲ့ သူပြပေးထားတဲ့အချိန်အတိုင်းရိုက်လိုက်ရုံပဲ။ ဒါကတော့ အတော်လေးမိုက်တယ်။
ဒီအပိုင်းမှာ Infinix Zero 40 က Vlog Phone ဟုတ်မဟုတ် ဆုံးဖြတ်ပေးလိုက်ပြီဆိုတော့ တခြားအပိုင်းလေးတွေကို ဆက်ကြည့်ရအောင်။
မှန်အခုံးကိုမှ Amoled Display သုံးပေးထားတယ်။ အလေးချိန်က 180g ရှိပြီး Hand Feeling က အတော်လေးကိုမိုက်တယ်။ လက်ထဲမှာကိုင်ထားရတာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး အရမ်းကြီး လေးနေတာမျိုးလည်း မရှိဘူး။
Storage ကလည်း 512GB ဆိုတော့ ဓာတ်ပုံ၊ Video တွေလောက်ကတော့ အေးဆေးဆံ့တယ်။
SOC ပိုင်းကိုတော့ Helio G6100(6nm) ကိုသုံးပေးထားတယ်။ ဒီထက်ပိုကောင်းတဲ့ Chipset သုံးပေးမယ်ဆိုရင်တော့
ပိုပြီးတော့မိုက်သွားမှာ။ Battery ကတော့ ပုံမှန်အတိုင်း 5000mAh ကိုသုံးပေးထားပြီး 45W Fast Charging ရတယ်။Camera ပိုင်းကို အသားပေးထားလို့ဆိုပြီး တစ်ခြားအပိုင်းတွေကို လျှော့ချထားတာမျိုးတော့ မရှိဘူး။ပုံမှန်အတိုင်း သုံးပေးထားတယ်။
Overall ပြောရမယ်ဆိုရင် သူ့မှာပါတဲ့ Specification တွေနဲ့ သူ့ရဲ့ဈေးတန်းကို ယှဉ်ကြည့်လိုက်ရင် ရွေးချယ်သင့်တဲ့အထဲမှာတော့ပါတယ်လို့ဆိုရမှာပါပဲ။