Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    iOS 19 ကိုမမြင်ရတော့ဘူးလား …

    June 2, 2025

    ကိုယ့် ဖုန်း 𝐁𝐚𝐭𝐭𝐞𝐫𝐲 မထိခိုက်အောင်ကာကွယ်ပေးမဲ့ နည်း လေးတစ်ခု

    May 31, 2025

    watchOS 12 မှာ ပါဝင်လာနိုင်တဲ့ Feature တချို့…

    May 29, 2025
    Facebook X (Twitter) Instagram
    Anycall Blog WebsiteAnycall Blog Website
    • Home
    • All Topics
    • How’s-To
    • Reviews
    • News
    • Features

      iOS 19 ကိုမမြင်ရတော့ဘူးလား …

      June 2, 2025

      ကိုယ့် ဖုန်း 𝐁𝐚𝐭𝐭𝐞𝐫𝐲 မထိခိုက်အောင်ကာကွယ်ပေးမဲ့ နည်း လေးတစ်ခု

      May 31, 2025

      watchOS 12 မှာ ပါဝင်လာနိုင်တဲ့ Feature တချို့…

      May 29, 2025

      𝐓𝐢𝐦𝐞 𝐌𝐚𝐜𝐡𝐢𝐧𝐞 နဲ့အတိတ်ကို သွားတဲ့ 𝐀𝐩𝐩𝐥𝐞

      May 26, 2025

      𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 အခက်အခဲတွေကိုဖြေရှင်းပေးမဲ့ 𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐞𝐞𝐭

      May 23, 2025
    Anycall Blog WebsiteAnycall Blog Website
    Home»Mobiles»AI Phone ဆိုပြီး ဟိုးလေးတကျော်ဖြစ်နေတဲ့ Oppo Reno 12 က ဝယ်သင့်တဲ့ဖုန်းတစ်လုံးလား ?
    Mobiles

    AI Phone ဆိုပြီး ဟိုးလေးတကျော်ဖြစ်နေတဲ့ Oppo Reno 12 က ဝယ်သင့်တဲ့ဖုန်းတစ်လုံးလား ?

    AnycallBy AnycallSeptember 18, 2024No Comments3 Mins Read
    Facebook Telegram Copy Link
    Share
    Facebook Telegram Copy Link

    ၂၀၂၄ မှာ Smartphone Brand အတော်များများက AI ဖုန်းတွေကို ချပြမိတ်ဆက်လာကြတယ်။ ဒီထဲ Oppo လည်းအပါအဝင်ဖြစ်ပြီး အကြောင်းတိုက်ဆိုင်စွာနဲ့ AI Phone ဆိုတဲ့ အမည် နဲ့ တွဲမြင်အခံရဆုံးဖြစ်နိုင်တဲ့ Series ဖြစ်တဲ့ Oppo Reno 12 Series ကို ချပြမိတ်ဆက်ခဲ့ပါတယ်။ ထူးထူးခြားခြားပဲ ဒီဖုန်းက စတင်မိတ်ဆက်ချိန်ကတည်းက အခြား Brand တွေထက် ပိုပြီး ရေပန်းစားသွားတယ်။ 

    ဘာကြောင့်ပါလဲ ။ ဒီအကြောင်းကို အခု Review ရဲ့ အဆုံးမှာပြောပြပေးသွားမှာမလို့ 

    ဖုန်းတစ်လုံးရဲ့ တန်ဖိုးကိုသတ်မှတ်ကြတဲ့ အခြားအပိုင်းတွေက စ အရင်ဆုံးပြောပြပေးပါမယ်။

    အရင်ဆုံး ဒီဇိုင်းပိုင်းက စပြောရရင်တော့ ကြိုက်သူကော မကြိုက်သူပါရှိလောက်မယ့် Design မျိုးပါပဲ။ 

    လူငယ်ဆန်ပြီး Innovative  ဖြစ်တယ်လို့ ပြောနိုင်မယ့် Nebula Silver ၊ Space Brown ၊ Sunset Gold  တို့ကို 

    Modern ဖြစ်မယ့် Design Shape တွေနဲ့အသုံးပြုပေးထားတယ် ။ အတော်လေးလှပြီး ခေတ်ဆန်တယ်။ ဒါပေမယ့် Masculinity နည်းနည်း အားနည်းနေတဲ့ ဒီဇိုင်းမျိုးလို့ ပြောလို့ရတယ်။ ဒီအတွက်ကြောင့်ပဲ အမျိုးသမီးတွေကတော့ ပိုပြီးနှစ်သက်နိုင်တယ်။ အမျိုးသားတွေ သိပ်မကြိုက်ဘူးဖြစ်နေတာက ဒီအချက်ကြောင့်လို့ ပြောလို့ရတယ်။

    Frame Type က Plastic Frame အမျိုးအစားဖြစ်ပြီးတော့မှ အကြမ်းခံနိုင်အောင် ပြုလုပ်ထားတယ်။ Curved Shape ကိုမှ Weight က 177g ပဲဆိုတော့ ပေါ့ပေါ့ပါးပါးလေးပဲ။ All-Round Armour ဖြစ်လို့ Hardware အစိတ်အပိုင်းတိုင်းကို အကြမ်းခံတဲ့အရာတွေသုံးပေးထားတာကတော့ အမှတ်ပေးချင်စရာပဲ။

    Camera  ပိုင်းမှာတော့ Main Camera ကို 50MP သုံးပေးထားပြီး Selfie ကိုတော့ 32 MP Camera ကိုသုံးပေးထားတယ်။ ကျွန်တော်စမ်းကြည့်ရသလောက်တော့ ရုပ်ထွက်မိုက်တယ် ။ ဒီ Reno Series မှာက အရင် Model တွေထက်ပိုပြီး  Natural ဆန်ဆန်ပုံတွေကို ရတာမလို့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ဘူးလို့ပြောရမယ်။ 10X ထိ Zoom ချဲ့ရိုက်တာတောင်မှ Noise အရမ်းမများတာကိုတွေ့ရသလို iOS တွေမှာလိုပဲ Live Photo တွေလည်းရိုက်လို့ရလာတယ်။ ကင်မရာပိုင်းအရ ရွေးမယ်ဆိုရင်တော့ ဒီဈေးတန်းမှာ ဝယ်ဖို့ နှစ်ခါပြန်စဉ်းစားစရာမလိုလောက်အောင်ကို ပြည့်စုံတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်။ 

    ဖုန်းတစ်လုံးရဲ့ Performance  ပိုင်းကို အဆုံးအဖြတ်ပေးမယ့် SOC ပိုင်းမှာတော့ Dimensity 7300 Energy သုံးပေးထားတာကို တွေ့ရတယ်။ Domestic 7300 Enery ဟာ Upper Mid-Range Level မှာ မဆိုးဘူးလို့ ပြောလို့ရတဲ့ Chipset ဖြစ်တယ်။ Battery ပိုင်းမှာတော့ 5,000mAh Battery နဲ့ ပုံမှန် ဒီဈေးဝန်းကျင်ဖုန်းတွေမှာပါလေ့ရှိတဲ့ ပမာဏအတိုင်းသုံးပေးထားတယ်။ Competitor တွေထက် မနိမ့်သလို သာလည်းမသာနေဘူး။ ဒီလို သူမသာကိုယ်မသာ အခြေအနေမျိုးမှာ TurnOver ဖြစ်စေမယ့် အရာတစ်ခုကို ထည့်လိုက်တာကတော့ အတော်ကြီးသဘောကျချင်စရာပါပဲ ။ လေးနှစ်အထိ အေးအေးဆေးဆေးအသုံးပြုနိုင်မယ့် Battery နဲ့ 80W Fast Charging အမြန်အားသွင်းစနစ် ဖြစ်ပါတယ်။  ဖုန်းအားစောင့်သွင်းရတာကို လူတိုင်း စိတ်ပျက်လာစပြုချိန်မှာ  80W Fast Charging နဲ့ဆိုတော့ အားသွင်းတာကို အလုပ်တစ်ခုလို့ သတ်မှတ်စရာကို မလိုတော့ဘူးဖြစ်သွားတယ်။ ဖုန်းတစ်လုံးလုံးကို အားအပြည့်သွင်းဖို့ 46 မိနစ်ပဲကြာတော့မယ်ဆိုတာက Performance ကောင်းကောင်းနဲ့ သုံးလို့ရမယ့် ဖုန်းတစ်လုံးကို အားသွင်းချိန်မကြာပဲ သုံးချင်တဲ့ သူတွေအတွက်အကြိုက်တွေ့စေမှာမျိုး ဖြစ်သွားပါတယ်။ 

    နောက်ဆုံးအပိုင်းနဲ့ အတော်လေး ချီးကျူးရမယ့် Oppo Reno 12 ကို လူတွေကြားအောင်မြင်သွားစေတယ်လို့ ပြောလို့ရမယ့် အပိုင်းကို ပြောပါတော့မယ်။ ပိုက်ဆံပေးမှ သုံးလို့ရတဲ့ AI Features အတော်များများက Oppo Reno 12 မှာ Built-In အနေနဲ့ ပါဝင်လာတယ်ဆိုတဲ့ အကြောင်းပါပဲ။ Reno 12 မတိုင်ခင် Smartphone Brand အတော်များများက ချပြခဲ့တဲ့ AI Feature အတော်များများက တကယ့်လက်တွေ့မှာ အမြဲတမ်းသုံးနေဖို့ အလှမ်းဝေးခဲ့ပါတယ်။Reno 12 မှာပါလာတဲ့ Feature တွေကတော့ တကယ့်လက်တွေ့မှာ အတော်လေးအသုံးတည့်တဲ့အပြင် အသုံးပြုရ အရမ်းလွယ်ကူတာကလည်း ဒီ Series ကို AI Phone ဆိုတဲ့ နာမည်နဲ့ တွဲမြင်ရစေဖို့ ဖြစ်လာစေတယ်လို့ ယူဆနိုင်ပါတယ်။

    AI Eraser 2.0 Support ပေးထားတဲ့အတွက် ဓါတ်ပုံရိုက်တဲ့ အခါ ၊ ဓါတ်ပုံထဲက မလိုချင်တဲ့ အရာ၀တ္တုတွေ ၊ 

    ကိုယ်မလိုချင်တဲ့သူတွေရဲ့ပုံကိုဖျက်ပစ်တာတွေကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ လုပ်လို့ရသွားသလို မျက်စိပိတ်နေတဲ့ပုံတွေကို မျက်စိပြန်ဖွင့်ပေးတာလိုမျိုး  ၊ Group Photo ရိုက်တဲ့အခါ Focus မဖြတ်တဲ့သူကို Focus ပြန်ဖြတ်ပေးတာတွေကို အလွယ်တကူ လုပ်နိုင်သွားတယ်။ Background Remove လုပ်တာတွေကအစ ၊ အင်တာနက်ဖွင့်ထားရုံနဲ့ AI က အလိုအလျောက်ပြုလုပ်ပေးလို့ အတော်ကြီး မိုက်သွားပါတယ်။ 

    Study လုပ်နေတဲ့သူတွေတွက် အဆင်ပြေစေတဲ့ သင်ခန်းစာတွေကို Note ထုတ်ပေးမယ့် AI Summary , Video Lecture တွေကို Note ထုတ်ပေးမယ့် AI Recording Summary တွေပါဝင်တဲ့အပြင်

    မီတာ (၂၀၀) အတွင်းမှာ Oppo Reno 12 အချင်းချင်း Bluetooth နဲ့ချိတ်ပြီး ဖုန်းပြောလို့ရတဲ့ Beacon Link နဲ့

    ဖုန်းပြောတဲ့အခါ တစ်ဖက်ကနေကြည်ကြည်လင်လင်ကြားနိုင်မယ့် AI Clear Voice လည်း ထည့်သုံးပေးထားတော့ လက်ရှိ လူတွေကြားထဲ ရေပန်းအစားဆုံး Ai Phone ဖြစ်ဖို့ အပြည့်အ၀ထိုက်တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

    AI Feature တွေကို ခပ်မိုက်မိုက်သုံးချင်သူတွေအတွက် Mid Range တန်းဝန်းကျင်မှာ ပျော်ပျော်ကြီးဝယ်လို့ရမယ့် ဖုန်းဖြစ်ကြောင်းသုံးသပ်ရင်း နောက်ထပ် Review  တွေကိုလည်း anycallmyanmar.com ရဲ့ Review ကဏ္ဍမှာ ပုံမှန်တင်ဆက်ပေးသွားပါမယ်ဆိုတဲ့ အကြောင်း တစ်ပါတည်းမိတ်ဆက်လိုက်ရပါတယ်။

    SmartPhoneReview trending
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Anycall
    • Website

    Related Posts

    iOS 19 ကိုမမြင်ရတော့ဘူးလား …

    June 2, 2025

    ကိုယ့် ဖုန်း 𝐁𝐚𝐭𝐭𝐞𝐫𝐲 မထိခိုက်အောင်ကာကွယ်ပေးမဲ့ နည်း လေးတစ်ခု

    May 31, 2025

    watchOS 12 မှာ ပါဝင်လာနိုင်တဲ့ Feature တချို့…

    May 29, 2025

    AirDrop ကနေ ပုံတွေ ရှဲတိုင်း Quality အပြည့်ရဖို့

    May 27, 2025
    Add A Comment
    Leave A Reply Cancel Reply

    Editors Picks

    Apple ရဲ့ မှန်ခုံးဖုန်းတွေကို မြင်ရတော့မှာလား

    May 17, 2025

    𝐋𝐢𝐧𝐞 𝐔𝐩 နှစ်ခုကြား ဗျာများနေတဲ့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝐂𝐡𝐢𝐩𝐬𝐞𝐭 အသစ်

    March 26, 2025

    လက်လွန်ကြက်သွန် ဖြစ်ထားတာတွေကို   တစ်ကြောင်းချင်း ဖျက်စရာမလိုတော့ဘူး

    March 24, 2025

    Apple Maps ကို ပိုမိုတိကျစေမဲ့ Surveyor App

    March 17, 2025
    Top Reviews
    Advertisement
    Demo
    Anycall Blog Website
    Facebook YouTube TikTok Telegram
    ©2025 Anycall Mobile.All Rights Reserved.

    Type above and press Enter to search. Press Esc to cancel.