Camera ပိုင်း ဦးစားပေးထွက်ရှိလာတဲ့ iPhone 16 က ကျန်တဲ့အပိုင်းတွေမှာလည်း မလစ်ဟာစေဘဲ
Video ရိုက်ကူးချိန်မှာ အသံတွေကို Professional အကျဆုံး ဖမ်းယူနိုင်ဖို့အတွက်
စိတ်တိုင်းကျ Adjust လုပ်နိုင်မယ့် Audio Mix Feature ကို ထည့်သုံးပေးလိုက်ပါတယ်။
ဒီ Feature က စကားပြောသံနဲ့ Background အသံခွဲပေးတာ၊
မလိုချင်တဲ့အသံတွေ လျှော့ချပေးတာ စတာတွေကို ပြုလုပ်နိုင်လို့
ပုံမှန်ထက်ပိုကောင်းတဲ့ Audio Quality ကို ဖန်တီးနိုင်ကြတော့မှာပါ။
ဒီ Feature မှာဆိုရင် ကိုယ်လိုချင်တဲ့ Audio Quality ကို ရွေးချယ်နိုင်ဖို့
Standard, In-Frame, Studio နဲ့ Cinematic ဆိုပြီး Options (4) ခုရှိပါတယ်။
In-Frame
In-Frame က Camera ချိန်ထားတဲ့ Frame ထဲကသူတွေရဲ့ စကားပြောသံတွေကိုသာ
Focus ထားပြီး Frame ပြင်ပက အသံတွေကို ကြားရတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် ဒီ Options လေးက Vlog ရိုက်မယ့်သူတွေအတွက်ဆို အတော်မိုက်ပါတယ်။
Studio
Studio နဲ့ ဖမ်းယူမယ်ဆိုရင်တော့ Mic က စကားပြောသူနဲ့ ခပ်လှမ်းလှမ်းမှာရောက်နေမယ်ဆိုရင်တောင်
Professional Studio တွေမှာ အသံသွင်းထားသလို အတော်လေးကောင်းတဲ့ Audio ကို ရရှိမှာပါ။
Cinematic
Background အသံနဲ့ Frame ထဲက Subject တွေရဲ့အသံကို စနစ်တကျပေါင်းစပ်ပေးပြီး ရုပ်ရှင်ထဲကလို
Standard ရှိတဲ့အသံတွေ ဖန်တီးချင်တယ်ဆိုရင်တော့ Cinematic Option ကို ရွေးလိုက်ရုံပါပဲ။
Audio Mix Feature ကိုတော့ iPhone 16 Pro နဲ့ 16 Pro Max မှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။