ပြီးခဲ့တဲ့ It’s Glow Time Event မှာ Next Generation ဖြစ်တဲ့ AirPods 4 အပြင်
Upgrade မြှင့်ထားတဲ့ AirPods Max နဲ့ AirPods Pro 2 တို့ကို ချပြသွားခဲ့ပါတယ်။
AirPods 4
H2 Chip ကို သုံးပေးထားတဲ့အပြင် Acoustic Architecture ကြောင့်
Bass သံအမြင့်တွေကို Sound Quality အပြည့်နဲ့ခံစားနိုင်မှာပါ။
Personalized Spatial Audio လည်းပါဝင်တာကြောင့် အသံအရည်အသွေးပိုကောင်းလာပါတယ်။
နောက်တစ်ခုက ခေါင်းညိတ်၊ ခေါင်းခါလုပ်ရုံနဲ့ Siri ရဲ့ သတိပေးချက်တွေကို
Yes (or) No ဖြေနိုင်မယ့် Features လည်းပါဝင်လာတော့ အတော်လေးကိုမိုက်နေပါပြီ။
Charging Port ကလည်း USB-C Type ဖြစ်သွားတဲ့အပြင်
Wireless Charging လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Battery သက်တမ်းက နာရီ 30 အထိဆိုတော့ စိတ်ကြိုက်သုံးရုံပါပဲ။
ဆူဆူညံညံဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ ဖုန်းပြောမယ်ဆိုရင်တောင်
ကိုယ်ပြောနေတဲ့စကားတွေကို တစ်ဖက်ကနေ ကြည်ကြည်လင်လင်ကြားနိုင်ဖို့
Adaptive Audio ကိုလည်း ထည့်သွင်းပေးထားပါတယ်။
AirPods အမြဲပျောက်တတ်သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ။
ဘာလို့လဲဆိုတော့ Built-In Speaker တွေက ဒီ AirPods 4 မှာလည်းပါဝင်လာပြီမလို့ပါ။
AirPods Max
AirPods Max မှာတော့ Midnight,Blue,Purple,Orange and Starlight ဆိုတဲ့
Color အသစ်တွေကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။
Charging ပိုင်းမှာ USB-C Type ကို ပြောင်းလဲပေးထားပါတယ်။
AirPods Pro 2
AirPods Pro 2 မှာတော့ အသုံးဝင်ဆုံး ကျန်းမာရေး Features (၃) ခုကို ထည့်သွင်းပေးလိုက်ပြီး
ဒီ Features တွေကို iOS 18 Update တင်ထားတဲ့ဖုန်းနဲ့ ချိတ်ဆက်ပြီးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပထမတစ်ခုကတော့ Hearing Protection Feature ပါ။
ဒီ Feature က ဆူညံသံတွေကြောင့် နားထိခိုက်မှု ဖြစ်ပွားတာတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယကတော့ Hearing Test ဖြစ်ပါတယ်။
နားကျန်းမာရေးကို ကိုယ်တိုင်စစ်ဆေးနိုင်ဖို့အတွက် ဒီ Feature ကို အသုံးပြုနိုင်ပါတယ်။
အမိုက်ဆုံးနဲ့ နောက်ဆုံးတစ်ချက်ကတော့ Hearing Aid Feature ပါပဲ။
အကြားအာရုံချို့ယွင်းချက်ကို ဒီ Update တင်ထားတဲ့ AirPods Pro 2 ကိုတပ်ဆင်ရုံနဲ့ ဖြေရှင်းနိုင်မှာဆိုတော့
တကယ်ကို အသုံးဝင်ပါတယ်။