စက်တင်ဘာ (၉) ရက်နေ့က ကျင်းပခဲ့တဲ့ It’s Glowtime Event မှာ Apple Watch Ultra 2 ကို
Black Edition နဲ့ ထပ်မံမိတ်ဆက်ပေးသွားခဲ့ပါတယ်။
ဒီ Watch Ultra 2 အတွက် WatchOS 11 လည်း Support ပေးထားပြီး
Apple Intelligence Features တွေကိုလည်း အသုံးပြုနိုင်တော့မှာပါ။
Case ကို Corrosion-Resistant Titanium နဲ့ပြုလုပ်ထားလို့အကြမ်းခံမှာဖြစ်ပြီး
Titanium Milanese Loop ကိုသုံးထားလို့ New Look ကို ခံစားရမှာပါ။
Dual-Frequency GPS လည်းပါဝင်လို့ Smart Watch ထဲမှာ အတိကျဆုံး GPS ကို အသုံးပြုနိုင်မှာဖြစ်ပြီး
Offline Maps လည်း သုံးလို့ရတော့မယ်လို့ Apple ကဆိုထားပါတယ်။
ရုတ်တရက် အသက်ရှူရပ်တဲ့ ဖြစ်စဉ်တွေကို သတိပေးမယ့် Sleep Apnea လို
ကျန်းမာရေးအထောက်အကူပြု Function တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
Battery Life က 36 hours ထိ အသုံးပြုနိုင်မယ့်အပြင်
Brightness ကလည်း 3000 nits ထိဆိုတော့ နေရောင်ထဲမှာလည်း Screen ကိုကောင်းကောင်းမြင်နိုင်မှာဖြစ်ပါတယ်။
ဒီ Apple Watch Ultra 2 လေးနဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေကိုအောက်က Comment မန့်ပေးခဲ့ကြပါဦး။