Telegram ရဲ့ သတင်းအချက်အလက်တွေကို အသေးစိတ်အမေး၊အဖြေလုပ်ပေးထားတဲ့ Telegram FAQ ကနေ
“Private Chat တွေကို ထိန်းချုပ်ပေးဖို့ တောင်းဆိုလာခဲ့ရင် ကာကွယ်ပေးသွားမယ်” ဆိုတဲ့ စာသားကို ဖယ်ရှားလိုက်ပါပြီ။
စက်တင်ဘာ (၅) ရက်အစောပိုင်းမှာ Durov က အဖမ်းခံရပြီး ပထမဆုံးထုတ်ပြန်ချက်တစ်ခုကို Twitter မှာတင်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ Telegram Platform ပေါ်က အကြောင်းအရာတွေကို အရင်ကထက်ပိုပြီး စိစစ်သွားမယ်လို့
ကတိပေးပြောဆိုခဲ့ပြန်ပါတယ်။
ဒီကတိပြုမှုရဲ့ အကျိုးဆက်က Telegram FAQ အပေါ်ကို (၂၄) နာရီအတွင်း သက်ရောက်ခဲ့ပါတယ်။
“Telegram မှာ တရားမဝင်အကြောင်းအရာတွေရှိနေပါတယ်၊ ဒါတွေကို ဘယ်လို ဖယ်ရှားမလဲ”
ဆိုတဲ့ မေးခွန်းရဲ့အဖြေက စက်တင်ဘာ (၅) ရက်နေ့အထိမှာတော့
“Telegram Chat နဲ့ Group တွေ အားလုံးမှာ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်တွေရှိပါတယ်။ဒီအရာတွေကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။” လို့ဖြေထားခဲ့ပေမယ့် စက်တင်ဘာ (၆) ရက်နေ့မှာတော့
“Telegram App မှာ တရားမဝင်အကြောင်းအရာများကို စောင့်ကြည့်သူများဆီ သတင်းပေးပို့နိုင်တဲ့ Report Buttons ဆိုတာလေးပါပါတယ် ၊တစ်ချက်နှိပ်ရုံနဲ့ Report လုပ်နိုင်မှာဖြစ်ပါတယ်၊ ပြုလုပ်နည်းကို အောက်မှာ ကြည့်နိုင်ပါတယ်” ဆိုပြီး ပြောင်းသွားပါတယ်။
ဒီအပြောင်းအလဲတွေရဲ့နောက်ကွယ်ကအကြောင်းအရင်းကို သေချာမသိရသေးသလို Telegram App အသုံးပြုသူတွေရဲ့ Security အပေါ် မှာ ဘယ်လောက်ထိ ထိခိုက်လာနိုင်တယ်ဆိုတာကိုလည်း စောင့်ကြည့်ကြရဦးမှာပါ။