လာမယ့် Apple Event မှာ AirPods ရဲ့ စိတ်လှုပ်ရှားစရာ မျိုးဆက်သစ် AirPods 4 ကို စပြီးမိတ်ဆက်သွားပါတော့မယ်။
ထွက်ရှိထားပြီးဖြစ်တဲ့ AirPods Pro နဲ့ AirPods 3 တို့ရဲ့ Design ကို ရောယှက်ပြီး AirPods 4 အတွက် Design တစ်ခုဖန်တီးမှာ ဖြစ်ပါတယ်။
ဒါကြောင့် Pro နဲ့ AirPods 3 တွေကို သဘောကျခဲ့သူတွေက ပိုကောင်းတဲ့ ဒီဇိုင်းမျိုး ရလာမလား စောင့်မျှော်ရမှာပါ။
ပိုပြီး Fit ဖြစ်မယ့် Stems ကိုလည်း မြင်တွေ့ရမယ်လို့ ဆိုထားတာမို့ တကယ်သုံးတဲ့အခါ ဘယ်လောက်အဆင်ပြေမလဲ ဆိုတာကို စောင့်ကြည့်ရပါမယ်။
နောက်တစ်ခုက iPhone တွေမှာ Lighting ကနေ Type-C ပြောင်းလဲလာသလိုပဲ AirPods တွေမှာလည်း Type-C ပြောင်းလာနိုင်ချေရှိပါတယ်။ ဒါဆိုရင်တော့ အစောကတည်းက Type C ဖြစ်စေချင်နေတဲ့သူတွေ အများကြီးပျော်ရမှာဖြစ်ပါတယ်။
လူကြိုက်များဦးမယ့် Feature အနေနဲ့ AirPods ပျောက်တာပဲဖြစ်ဖြစ်၊ Charging Case ပျောက်တာပဲဖြစ်ဖြစ် လွယ်လင့်တကူရှာဖွေနိုင်မယ့် Built-in Speaker ပါဝင်လာဖို့လည်း ရှိနေတယ်။
Chip ပိုင်းမှာတော့ Power Efficient ဖြစ်တဲ့ H2 Chip ကိုပဲ အားသာချက်အပြည့်နဲ့ သုံးမှာဖြစ်ပြီး ရလာဒ်အနေနဲ့Battery ပိုင်းမှာ ပုံမှန် Single Charge မှာ ၆ နာရီခွဲ လောက်သုံးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်
စိတ်မကောင်းစရာတစ်ခုက AirPods တွေမှာ ပုံမှန်လို Replaceable Silicon Tips တွေ ပါဝင်လာမလား မလားဘူးလား မသဲကွဲသေးတာပါပဲ ။
ဘာပဲဖြစ်ဖြစ် အများကြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ ချစ်စရာ AirPods Gen တစ်ခုကတော့ ရောက်ရှိလာတော့မှာဖြစ်ပြီး ပိုကောင်းဖို့ ရှိနေတဲ့ အသံ Qualtiy နဲ့အတူ အခြား စိတ်လှုပ်ရှားစရာ Feature တွေကို လည်း မျှော်လင့်ကြရမှာဖြစ်ပါတယ်။
Ref: Beebom