သိပ်မကြာခင်ကပဲ Apple က iPhone 16 Series မိတ်ဆက်မယ့် Event နာမည်နဲ့ Event Date ကို အတိအလင်းကြေညာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီလို Event Date နဲ့ နီးကပ်လာတာနဲ့အမျှ iPhone 16 နဲ့ ပတ်သက်ပြီး ကောလဟာလပေါင်းများစွာကို တွေ့နေ၊ ကြားနေရပါတယ်။
ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ Apple က iPhone 16 Camera ကို သိသိသာသာတိုးတက်မှုတွေရှိလာအောင် အဆင့်မြှင့်ပေးထားတဲ့အပြင် ပိုပြီး Professional ကျကျ ဓာတ်ပုံရိုက်နိုင်ဖို့ Capture Button ပါလာမယ်လို့လည်း သိရပါတယ်။
သတင်းတွေအရ အဆင့်မြှင့်တင်မှုတွေကြောင့် အကောင်းဆုံးဖြစ်လာမယ့် iPhone 16 နဲ့ 16 Pro Camera မှာ ဘာတွေတိုးတက်လာမလဲကြည့်ရအောင်…
iPhone 16 နဲ့ 16 Plus ရဲ့ Camera Details
သတင်းတွေအရ iPhone 16 နဲ့ 16 Plus က ကင်မရာနှစ်လုံးနဲ့ပဲ လာမှာလို့သိရပါတယ်။ 48MP Main Camera သုံးတာကတော့ iPhone 15 နဲ့အတူတူပါပဲ။ Main Camera မှာ f/1.6 aperture နဲ့ Ultra Wide Camera မှာ f/2.2 aperture သုံးပေးထားတာကြောင့် iPhone 15 ရဲ့ f/2.4 aperture ထက်ကို အလင်းဝင်အားပိုကောင်းလာမှာပါ။
Optical Quality 2X အထိ ဆွဲကြည့်နိုင်တဲ့ Telephoto Lens ကိုသုံးပေးထားပါတယ်။
Ultra Wide ကင်မရာက 0.5x ထိ ချဲ့ကြည့်နိုင်ပြီး ကင်မရာဒီဇိုင်းကတော့ iPhone 12 မှာတုန်းကလို ဒေါင်လိုက်ပုံနဲ့ ပြန်လာမှာလို့သိရပါတယ်။
iPhone 16 Pro နဲ့ 16 Pro Max ရဲ့ Camera Details
Pro Series မှာလည်း ကင်မရာ သုံးလုံးနဲ့ထပ်လာမှာဖြစ်ပြီး Main Camera က အရင်အတိုင်း 48MP ပဲသုံးပေးထားပြီး Aperture ကတော့ f/1.78 ပြောင်းသွားပါတယ်။ Ultra Wide Camera ကတော့ 18MP နဲ့ f/2.2 Aperture သုံးထားတာအတူတူပါပဲ။ သတင်းကောင်းကတော့ အရင်လို 15 Pro Max မှာပဲ 5x Telephoto Len သုံးထားမှာ မဟုတ်ပဲနဲ့ iPhone 16 Pro ရော၊ Pro Max မှာရော သုံးပေးထားမှာပါ။
ဒါ့အပြင် iPhone 16 Pro Model တွေမှာ ProRaw Mode ပါလာမှာပါ။ ProRaw Mode ဆိုတာ JPEG ထက် အရည်အသွေးပိုကောင်းတဲ့ Raw ပုံတွေကိုရိုက်ပေးတာဖြစ်ပါတယ်။
Support For New Image Format
iPhone 16 Series မှာ JPEG, HEIF, HEIF Max, ProRaw နဲ့ ProRAW Max တို့အပြင် JPEG-XL ကို Support ပေးမှာလို့သိရပါတယ်။
ပြီးတော့ ဓာတ်ပုံရိုက်တာကို DSLR တစ်လုံးလို အလုပ်ပေးမယ့် Capture Button လည်းပါလာမှာဖြစ်ပါတယ်။
Ref : BeeBom