Apple Device အသစ်တွေကို မိတ်ဆက်ပေးတဲ့ Apple Event ကို ကျင်းပမယ့် အချိန်ကလည်း နီးလာပါပြီ။
Rumour တွေနဲ့ WWDC Event မှာပါလာတဲ့ Leak တွေအရဆိုရင်တော့ Event ရက်က 9 လပိုင်း 10 ရက်နေ့ဆိုတာ သေချာသလောက်ပါပဲ။ ဒီလို Event ချိန် နီးကပ်လာတာနဲ့ iPhone 16 ရဲ့ Specification တွေအကြောင်း Rumour တွေကလည်း ပြန့်နေပါတယ်။ ဒီ Rumour တွေထဲကမှ Reliable ဖြစ်တဲ့ iPhone 16 ရဲ့ Design နဲ့ Specs တွေအကြောင်း ပြောပြချင်ပါတယ်။
Camera
iPhone 16 မှာလည်း 48 MP Main Camera နဲ့ 12 MP Ultra Wide Dual Sensor Setup ကိုသုံးပေးထားမယ်လို့သိရပါတယ်။ Specs တွေအရ အတူတူပဲလို့ထင်ရပေမယ့် AI(Apple Intelligence) အကူအညီနဲ့ Software ပိုင်းမှာ အများကြီးပိုကောင်းလာနိုင်ခြေရှိပါတယ်။
Performance
iPhone 16 တိုင်းကို RAM 8GB နဲ့မိတ်ဆက်ပေးမယ်လို့သိရပြီး Apple Intelligence ရဲ့ Support ကောင်းကောင်းရအောင် ထုတ်ပေးမယ်လို့သိရပါတယ်။ ဒီလို Apple Intelligence ကို အပြည့်အဝအသုံးချနိုင်ဖို့ဆို A18 Chip နဲ့မှရမှာမလို့ iPhone 16 တိုင်းမှာ A18 Chip ပါလာနိုင်ပါတယ်။ နောက်ပြီး 5G Connection ရအောင် Qualcomm ရဲ့ ပိုမြန်ပြီး Power Consumption နည်းတဲ့ Snapdragon X75 modem ကို တပ်ပေးမယ်လို့သိရပါတယ်။
Design & Colors
Design ပိုင်းနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးထွေထွေထူးထူးပြောနေစရာမရှိပါဘူး။
iPhone 16 မှာ ကင်မရာ Setup က ဒေါင်လိုက်ဖြစ်သွားမှာဖြစ်ပြီး Pro နဲ့ Pro Max မှာတော့ အရင်လို ကင်မရာသုံးလုံးပါမှာလို့သိရပါတယ်။ 15 Pro နဲ့ Pro Max မှာပဲ ပါတဲ့ Action Button ကို iPhone 16 Model တိုင်းမှာ ထည့်ပေးပြီး Action Button က Volume Button အပေါ်မှာ ရှိမှာလို့သိရပါတယ်။ ညာဘက်မှာတော့ အသစ်ပါလာမယ့် Capture Button ရှိမှာပါ။
Desert Titanium(Brown), Frozen Titanium(Blue), White Titanium(White) နဲ့ Black Titanium (Black) တို့ကတော့ ပေါက်ကြားလာတဲ့ထဲမှာ ဖြစ်နိုင်ခြေအများဆုံး Color တွေပါ။ တခြား Leak တွေအရ Blue, Pink, Yellow, Green, Black, White, နဲ့ Purple ဆိုပြီး အရောင် 7 ရောင်နဲ့ လာမယ်လို့သိရပါတယ်။
Ref: TechRadar, Macrumors