မကြာသေးခင်ကပဲ Google က Hardware Device တွေအဓိကထား မိတ်ဆက်ခဲ့တဲ့ Pixel Event ကျင်းပခဲ့ပါတယ်။ ဒီ Event မှာ Pixel 9 Line Up အပြင် တခြား Google Devices တွေလည်းမိတ်ဆက်တဲ့ထဲမှာပါလာခဲ့ပါတယ်။ ရှေ့ရက်တွေမှာ ပါလာမယ်လို့ ပေါက်ကြားထားတဲ့ Google Products တွေတင်မကဘဲ မျှော်လင့်မထားတဲ့ အရာတွေလည်းပါလာခဲ့ပါတယ်။
Pixel 9 Line Up
Pixel 9 Line Up ကိုမိတ်ဆက်တဲ့ထဲမှာတော့ Google က Pixel 9, Pixel 9 Pro, Pixel 9 Pro XL တို့အပြင် ခေါက်ဖုန်းဖြစ်တဲ့ Pixel 9 Pro Fold တို့ပါဝင်ခဲ့ပါတယ်။ Pixel 9 နဲ့ Pixel 9 Pro ကို 6.3” မျက်နာပြင်နဲ့ ကြေညာခဲ့ပြီး Pixel 9 Promax ကိုတော့ 6.8” မျက်နာပြင်နဲ့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။ အရင် Design ပိုင်းတွေနဲ့မတူတာက ကင်မရာဘောင်တွေကို လေးထောင့်ပုံစံနဲ့မလာဘဲ Oval Shape ပုံစံနဲ့ ဖြစ်သွားပါတယ်။ Line Up တစ်ခုလုံးကို Chipset အသစ်ဖြစ်တဲ့ G4 Tensor Chip နဲ့ မိတ်ဆက်ပေးခဲ့ပြီး Satellite SOS Feature အသစ်လည်းပါလာကြောင်း ပြောခဲ့ပါတယ်။
Pixel 9 Pro Fold
Pixel 9 Pro Fold ကို အရင် Pixel Fold တွေထက် ပိုပါးပြီးဖုန်းပုံစံက ပိုရှည်လာတဲ့ ပုံစံနဲ့မိတ်ဆက်ခဲ့ပါတယ်။ ခေါက်ထားရင်ပေါ်တဲ့ အပြင်မျက်နာပြင်က 6.3” ရှိပြီး ဖြန့်လိုက်ရင်ပေါ်မယ့် အတွင်းမျက်နာပြင်ကို 8” နဲ့မိတ်ဆက်ပေးသွားခဲ့ပါတယ်။ G4 Tensor Chip နဲ့ အတွင်းမျက်နာပြင် Screen ရဲ့ Brightness ကိုလည်း 27,00 nits အထိ ထုတ်ပေးနိုင်တယ်လို့ Event မှာပြောခဲ့ပါတယ်။ အရင် Pixel Fold ဖုန်းတွေမှာက 1450 nits အထိပဲရပါတယ်။
Pixel with Gemini
Pixel 9 ဖုန်းတွေမှာ Google က သူတို့ရဲ့ ကိုယ်ပိုင် Gemini AI ကို AI Assistant နဲ့အနေနဲ့ ထည့်ပေးလိုက်ပါတယ်။ ဒါ့အပြင် ကိုယ် Save ထားတဲ့ Screenshot တွေရဲ့ Info တွေကို မှတ်ထားပြီး ကိုယ်ရှာချင်တဲ့အခါ အလွယ်တကူပြန်ရှာပေးတဲ့ Gemini AI သုံး Pixel Screenshot App နဲ့ ကိုယ်ရိုက်ထားတဲ့ ပုံတွေမှာ Text Prompt တွေသုံးပြီး AI Generated Image တွေ၊ Background တွေထုတ်သုံးနိုင်တဲ့ Pixel Studio App တွေကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ Gemini AI Assistant ကို Voice နဲ့ လည်း Command လုပ် အမေး၊ အဖြေ စကားပြောတာတွေလုပ်နိုင်ကြောင်းလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
Google Pixel Buds 2
ပိုသေး၊ ပိုပေါ့အောင်လုပ်ထားတဲ့အပြင် Tensor A1 Chip အသစ်နဲ့ ANC Mode မှာ ဆူညံသံတွေကိုပိုလျော့ချနိုင်တဲ့ Google Pixel Bud 2 ကိုလည်း ကြေညာခဲ့ပါတယ်။
ဒါတွေအပြင် Software ပိုင်းဆိုင်ရာ Feature အသစ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Software နဲ့ပတ်သက်တဲ့ Feature တွေကိုတော့ Pixel 9 Line Up မှာပဲပါလာမလား တခြား Pixel ဖုန်တွေမှာရောပါမလားတော့ ပြေမသွားခဲ့ပါဘူး။
Ref: The Verge