Safari သုံးရင် Ads တွေ၊ Banners တွေနဲ့ Cookies တွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်အောင် ဖျောက်လို့ရတဲ့ Feature အသစ် iOS 18 Beta 6 Update မှာပါလာပါတယ်။
ဒီ Feature လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ …
-Safari ကိုဖွင့်ပြီး ကိုယ်သုံးမယ့် Website ထဲကိုဝင်လိုက်ပါ။
-Search Bar ဘေးက Menu Icon ကို နှိပ်လိုက်ပါ။
-ပေါ်လာတဲ့ Hide Distracting Item ကို ထပ်နှိပ်လိုက်ပါ။
-နောက်ပြီးရင် ဖျောက်ချင်တဲ့ ADS တွေ Cookies တွေကို Select လုပ်၊ Hide လုပ်ပြီး Done ကိုနှိပ်လိုက်ရုံပါပဲ။
ဒါဆိုရင်တော့ ကိုယ်ဝင်ထားတဲ့ Website ထဲက ADS တွေကို အလွယ်ပဲ ဖျောက်ထားလို့ရပါပြီ။