Apple ရဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်ပေးတဲ့ Event အချိန်နီးစပ်လာတာနဲ့အမျှ
အသစ်ထွက်မယ့် iPhone 16 ရဲ့ အကြောင်းစုံကို ပိုမိုတိတိကျကျ သိလာရပါတယ်။
ဒီထဲကမှ ဓာတ်ပုံရိုက်တာကို ပိုအထောက်အကူပေးနိုင်တဲ့ ခလုတ်အသစ်တစ်ခုကို Apple က iPhone 16 မှာထည့်ပေးဖို့ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။
ဒီအသစ်ပါလာမယ့် ခလုတ်အသစ်ကို Capture Button ဆိုပြီး ခေါ်မှာလို့သိရပြီး အခုထိ Apple က မိတ်ဆက်ခဲ့တဲ့ ခလုတ်တွေထဲမှာ လုပ်ဆောင်မှု Gestures အစုံဆုံးနဲ့ အမိုက်ဆုံး Button တစ်ခုဖြစ်လာမယ်လို့သိရပါတယ်။ သိရသမျှသတင်းတွေအရ Capture Button ရဲ့ Gesture လုပ်ဆောင်ချက်တွေက ဒီလိုရှိပါတယ်။
– ဓာတ်ပုံ၊ Video ရိုက်ချိန်မှာ ခလုတ်ကို နှိပ်လိုက်ရင် Autofocus ကို Enable လုပ်ပေးမှာဖြစ်ပါတယ်။
– ခလုတ်ကို ပိုခပ်ပြင်းပြင်းနှိပ်လိုက်ရင် ဓာတ်ပုံရိုက်ပေးတဲ့ခလုတ်အဖြစ်အလုပ်လုပ်မှာပါ။
– ခလုတ်ကိုဘယ်ညာပွတ်ဆွဲလိုက်ရင် Zoom In, Zoom Out လုပ်ပေးမှာလို့သိရပါတယ်။
– နောက်ပြီး ဒီခလုတ်မှာ Camera Mode နဲ့ Video Mode ပြောင်းလို့ရတဲ့ Gesture လည်း ပါလာမှာလို့သိရပါတယ်။
Autofocus သုံးရတဲ့ Gesture က DSLR Camera ကို အသုံးပြုနေကျသူတွေဆိုရင်းနှီးနေတဲ့ Gesture ပဲဖြစ်ပါတယ်။ Apple က ဒီခလုတ်ကို ဖုန်းရဲ့ ညာဘက်မှာထားမှာလို့သိရပါတယ်။
အစောပိုင်း သတင်းတွေအရ iPhone 16 ဖုန်းတိုင်းမှာ ဒီ Capture Button ပါလာမယ်လို့ပြောကြပေမယ့် နောက်ပိုင်းကြားရတဲ့သတင်းတွေအရ Pro Model တွေမှာပဲ ပါလာမယ်လို့သိရပါတယ်။
iPhone 16 မှာ Capture Button အပြင် Apple Intelligence ကို Support အပြည့်အဝပေးနိုင်တဲ့ A18 Chip နဲ့ Model တိုင်းကို RAM 8GB သုံးပေးထားမှာပါ။ Screen ကလည်း အရင် Series တွေထက် ပိုကြီးလာမယ်လို့သိရပါတယ်။ iPhone 16 သတင်းတွေအကြောင်းပိုသိချင်ရင် ကျွန်တော်တို့ရဲ့ (iPhone 16 နဲ့ပတ်သက်တဲ့ သိရသမျှအကြောင်းများ) မှာ ဖတ်ရှုနိုင်ပါတယ်။