တောထဲရောက်လို့ ဖုန်းအားကုန်နေရင်တောင်
ကိုယ်က iPhone 15 နဲ့ iOS 18 တင်ထားရင်
တောထဲရောက်လို့ ဖုန်းအားကုန်နေရင်တောင်
ဘယ်အချိန်ရှိနေပြီလဲ
မသိရမှာ စိုးရိမ်စရာမလိုတော့ပါဘူး။
Apple က သူတို့ iOS ရဲ့ နဂိုရှိနေတဲ့
Power Reserve Mode ကို iOS 18 မှာ
ပိုကောင်းအောင်လုပ်လိုက်ပြီး
ဖုန်းဘတ္ထရီ လုံးဝကုန်သွားရင်တောင်
အချိန်ကို ပြပေးနေမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင်
Find My အလုပ်လုပ်နေသရွေ့
အချိန်ကိုကြည့်လို့ရနေမှာပါ။
လောလောဆယ် ဒီ Feature လေးကို
iPhone 15 Series တွေမှာပဲ အသုံးပြုလို့ရပြီး
iOS 18 Official ထွက်လာရင်တော့
တခြား Power Reserve Mode ပါတဲ့
iPhone Model တွေမှာပါရမလား
အတူစောင့်ကြည့်ရအောင်ပါ။