တစ်ရက်ပြီးတစ်ရက် မရိုးနိုင်အောင် ထွက်လာနေတဲ့ နည်းပညာမြင့်၊ ဈေးကြီးပေးရတဲ့ ဖုန်းတွေ အကြောင်းကို Hype ကြရင်း၊ ငေးမော အားကျရင်း၊ လူအများစုတတ်နိုင်တဲ့ Budget ဖုန်းလေးတွေကိုမေ့လျော့နေကြပါတယ်။

iPhone 11 Pro ရဲ့ Camera က ဘယ်လို၊ Xiaomi MI MIX Alpha က ဘယ်ပုံ၊ Mate 30 Pro ကြီးက အကြမ်းကြီး၊ Mi CC9 Pro ကလည်း တန်လိုက်တာ၊ OnePlus 7T ကလည်း မြန်လိုက်တာ၊ ROG Phone II က ဂိမ်းမာတွေ အတွက်၊… ဘာညာနဲ့ လုံးဝကို မရိုးနိုင်အောင်ပါပဲ။

အဲဒီလို ဈေးကြီးတဲ့ အိမ်မက်တွေအစား ဒီနေ့တော့ ဈေးနှုန်း ၂သိန်းအောက်မှာရှိပြီး လူအများစုတက်နိုင်တဲ့ Budget ဖုန်းလေးတွေကို တစ်ချက် ကြည့်ကြည့်လိုက်ရအောင်…။

ယှဉ်ကြည့်လိုက်ရအောင်…။

ရွေးထားတဲ့ ဖုန်းလေးတွေကတော့…

Oppo  A1K 169,900

Vivo Y91C 179,800

Redmi 8A 159,000 https://www.gsmarena.com/xiaomi_redmi_8a-9897.php

Price/Storage

ဈေးနှုန်းက စရရင် အကုန်လုံးက 2/32GB တွေကိုမှ Redmi 8A က 159,000 ပဲ ရှိလို့ အနည်းဆုံးပါပဲ။

သူတို့ရဲ့ 2/32GB ဆိုတာ စာရွက်ပေါ်မှာ၊ ဂဏာန်းတွေ အနေနဲ့ ကြည့်ရင် နည်းတယ်ထင်ရပေမယ့် သူ့ဈေးနဲ့သူတော့ တန်တယ်ဆိုရမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်က Ram 8 GB Internal 128/256GB တို့ Ram 12 GB , Internal 512GB တို့ တွေကို ကြားရတာများနေတာကြောင့်လည်း 2/32  ဆိုတာကို မခံစားတက်ပြီး နည်းထယ် ထင်နေတာလည်း ပါမယ်ထင်ပါတယ်။

Built Quality

ဒီဈေးဝန်းကျင်မှာ သိပ်ပြီးတော့ မျှော်လင့်လို့မရပေမယ့် အကုန်လုံးက ဖြစ်ရုံလေးလုပ်ထားတာမျိုးတော့ မဟုတ်ဘူးဗျ။ သူ့ဟာလေးနဲ့တန်ပါတယ်။ အကုန်လုံးက နှစ်သိန်းအောက်ဖုန်းတွေဖြစ်တာမို့ သူတို့ Built Quality ကို ကြီးကြီးမားမား ဘာမှ မပြောတော့ပါဘူး။ ကြိုက်တဲ့ အချက်လေးတွေပဲ ရွေးပြီး ပြောပါမယ်။

Redmi 8A ရဲ့ Textures လေးတွက မိုက်ပါတယ်၊ ကြမ်းကြမ်လေးနဲ့ ပွတ်ရင် အသံမြည်ပါတယ်၊ လက်ထဲမှာကိုင်ရင် Grip မိပါတယ်။ သူ့ Battery ကြောင့် လေးပါတယ်။

Oppo A1K ကတော့ လေးထောင့်ဆန်တယ်၊ ကိုင်ရတာ ချောလည်း မချော ကြမ်းလည်း မကြမ်း အနေထာလေးမှာပါ။

Vivo y91 ကတော့ ကိုင်ရတာ ချောတယ်။ သက်တောင့်သက်သာ ရှိတယ်။ ဖုန်းက မပါးပေမယ့် ပါးတယ် ခံစားရတယ်။

Display

အကုန်လုံးက IPS LCD တွေပဲ၊ ဒီဈေးဝန်းကျင်မှာဆိုရင်လည်း ဒီကောင်တွေပဲ ရမယ်။ နောက်ပြီးတော့ 720p တွေပဲ၊ 1080p တွေလို Sharpness  မကောင်းပေမယ့်။ အနီးကပ်ပြီး ပြူးပြဲမကြည့်ရင် Pixls တွေ အရမ်း မဖွာပါဘူး၊ ဘယ်လို့ ပြောရမလဲ ကြည့်ရဆိုးတဲ့ Display တွေတော့ မဟုတ်ဘူးဗျ၊ အကုန်လုံးက သူ့ဟာနဲ့သူ တော့ ဟုတ်နေတာပါပဲ။

အရောင်တွေမှာလည်း…

Redmi 8a ကတော့ နည်းနည်းလေး ပြာတဲ့ဘက်ကိုသွားတယ်။ သဘာဝကျတယ်။

Vivo y91 က နည်းနည်းလေး Over Saturated ဖြစ်တယ်။ 

Oppo a1k ကတော့ Over Saturated အဖြစ်ဆုံးပါပဲ။ 

Brightness,Contrast,Saturations & Viewing Angels တွေမှာလည်း အဆင်ပြေပါတယ်။

Performances 

ဒီဈေးနှုန်းမှာ အရမ်းကောင်းလှတယ်ဆိုတဲ့ စွမ်းဆောင်ရည်မရနိုင်ဘူးဆိုတာ အားလုံး သိမှာပါ။ တကယ်လည်း အဲ့လိုပါပဲ။  

နေ့စဉ်သုံး Daily Use မှာတော့ အကုန်လုံးက အေးအေးဆေးဆေးလေး လုပ်လို့ရပါတယ်။Facebook သုံးတာ၊ TikTok ကြည့်တာ၊ သီချင်းနားထောင်တာတွေမှာ အဆင်ဆင်ပြေပြေပါပဲ။

သူတို့မှာ သုံးထားတဲ့ SoC က အားရဖို့ မကောင်း၊ Powerful ဖြစ်လှပေမယ့် Software လေးနဲ့တော့ ထိန်းထားပေးပါတယ်။ မြန်လှတယ် မဟုတ်ပေမယ့် Smooth ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Gaming ပိုင်းမှာလည်း မကောင်းဘူးတော့ မဟုတ်ပေမယ့် ဆော့လို့ရတဲ့ အနေအထားမှာပဲ ရှိပါတယ်။ML တော့ အဆင်ပြေတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်၊ Pubg lite မှာတော့ သာသာယာယာ Smooth ပါပဲ။

Camera

ဒီမှာတော့ ပြောစရာတွေ နည်းနည်းများလာပါပြီ။ပြန်လန်မနေတဲ့ ကင်မရာ Specs တွေထက် တကယ့်ပြင်ပမှာ ရိုက်ပြတဲ့ ပုံတွေကို ပိုကြည့်ချင်မယ်ထင်ပါတယ်။ အောက်ကပုံလေးတေွကြည့်လိုက်ပါ။

Redmi 8A

Oppo A1K

Vivo Y91

နေ့ဘက်အလင်းရောင်ကောင်းကောင်းရတဲ့ အခြအနေမျိုးမှာ တော်တော်လေးကြည့်ရအဆင်ပြေတဲ့ ပုံတွေရပါတယ်။ အကောင်းဆုံး ဓာတ်ပုံတွေ မဟုတ်ပေမယ့် ကြည့်ရဆိုးလှတဲ့ ပုံတွေတော့ မဟုတ်ပါဘူး။Low Light ဘာညာကတော့ ဒီဈေးနှုန်းနဲ့ မရနိုင်တာကြောင့် စမ်းပြစရာလိုမယ်မထင်ပါဘူး။

Battery

Capacity အများဆုံးကတော့ 5000 mAh နဲ့ Redmi 8A ပါပဲ။ ကျန်တဲ့ Oppo  A1K က 4000 Vivo Y91 က 4030 ပါပဲ။ Battey အနေနဲ့တော့ သူဈေးတန်းမှာဆိုရင် များတယ် ပြောရမှာပါ။ ဘယ်လောက်ခံသလဲ အတိအကျကတော့ သုံးတဲ့သူ အပေါ်မှာလည်း မူတည်တာကြောင့် ပြောရခက်ပါတယ်။

ဂိမ်နည်းနည်းပါးပါးဆော့မယ်၊ ပုံမှန်သုံးမယ်၊ video တစ်ရက်တာကတော့ အေးအေးဆေး ခံပါတယ်။ Capacity မနည်းပေမယ့် သူတို့ရဲ့ soc တွေက Power Comsumption များတာကြောင့်လို့ ပြောလို့ရပါတယ်။  

အားသွင်းရင်တော့ ပုံမှန် 10W ပဲ၊ Oppo  A1K ၊ Vivo Y91C မှာ Micro USB 2.0 နဲ့ပဲလာတယ်။ အပြည့်သွင်းရင် 1နာရီခွဲ ကျော် 2နာရီ ဝန်းကျင်တော့ ကြာပါတယ်။ Redmi 8a က USB-C နဲ့ 18w fast charging support ပေးတယ်။ ဘူးထဲမှာတော့ တစ်ခါတည်း မပါဘူးပေါ့။ သူကတော့ ၁နာရီ ၁၅မိနစ် ကျော်ကျော်လေးပဲ  သွင်းရပါတယ်။

ဘယ်ဖုန်းက ဘယ်သူနဲ့ ပိုပြီးတော့ သင့်တော်မလဲ…?

Oppo  A1K ၊ Vivo Y91C ကတော့ Selfie လှလှ ကြိုက်တဲ့ မိန်းကလေးတွေ အများစုနဲ့ ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။

Redmi 8a ကတော့ ဂိမ်းလေး နည်းနည်းလေး ဖြစ်စလောက်လေးဆာ့မယ် ဆိုတဲ့သူတွေနဲ့ အဆင်ပြေပါလိမ့်မယ်။

Write A Comment