Samsung အနေနဲ့ လာမယ့် ဇန်န‌ဝါရီလလယ်လောက်မှာ Galaxy S20 Series ရဲ့ Successor ဖြစ်လာမယ့် Galaxy S21 Series ကိုမိတ်ဆက်လာဖို့ရှိနေပါတယ်။ ဒီ S21 Series ထဲမှာဆိုရင် Galaxy S21, Galaxy S21+, Galaxy S21 Ultra ဆိုပြီး Models သုံးမျိုးပါ၀င်လာဖို့ရှိနေပါတယ်။အခုမှာတော့ ဒီ ဖုန်းတွေရဲ့ Renders ပုံတွေထွက်ရှိလို့လာခဲ့ပါပြီ။

ဒီပုံတွေကိုတော့ Renders ပုံတွေနဲ့ မူပိုင်ခွင့်‌ေတွ Shared ရာမှာနာမည်ကြီးတဲ့ LetsGoDigital ကနေ Shared ခဲ့တာပဲဖြစ်ပါတယ်။

ပုံတွေအရ S21 Series မှာ တစ်မူထူးတယ်လို့ပြောရမယ့် Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။ Galaxy S21 နဲ့ Galaxy S21+ မှာ Triple Camera Setup ကိုတပ်ဆင်ပေးထားပြီး Galaxy S21 Ultra မှာတော့ Ultra Model ဖြစ်တာနဲ့အညီ Quad Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။

နောက်ထပ် Ultra Model မှာ Metal ၊ Glass နှစ်ခုပေါင်း Built Quality ရှိလာနိုင်ပြီး Plus’ Model နဲ့ ‘Standard’ Model ကတော့ Galaxy Note20 လို Plastic ၊ Metal Build နဲ့ထွက်လာမှာပါ။ထုံးစံအတိုင်းပဲ ဈေးကြီးတဲ့ Model မှာ 120Hz Adaptive Refresh Rate  ထောက်ပံ့ပေးထားတဲ့ Curved WQHD+ LTPO AMOLED display ကိုသုံးပေးလာနိုင်ပြီး ဈေးနည်းတဲ့ Model တွေမှာတော့ရိုးရိုး 120Hz Refresh Rate သာထောက်ပံ့‌ေပးထားတဲ့ Flat FHD+ LTPS AMOLED display ပါ၀င်လာနိုင်ပါတယ်။

ဖုန်းသုံးလုံးရဲ့ Performance အတွက်‌ေတာ့ Snapdragon 888/Exynos 2100 Chipsets တွေနဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ်။ Software မှာတာ့ Android 11 အပေါ်အခြေခံထားတဲ့ OneUI 3.1 နဲ့ Run ပေးလာမှာပါ။

ပုံတွေအရ ဖုန်းတွေရဲ့ အရောင်အနေနဲ့ Galaxy S21 မှာ Phantom Violet, Phantom Pink, Phantom Gray, Phantom White ဆိုပြီး သုံးရောင် ၊   Galaxy S21+ မှာ Phantom Silver, Phantom Black, Phantom Violet ဆိုပြီး အရောင်သုံးရောင်ထွက်လာနိုင်ပါတယ်။နောက်ဆုံး Galaxy S21 Ultra ကတော့ Phantom Black, Phantom Silver နှစ်ရောင်ပဲထွက်လာမှာပါ။ဈေးအနေနဲ့ကတော့ Samsung Galaxy S21 series ဟာ Galaxy S20 series ထက် ပိုသက်သာတဲ့ဈေးနဲ့ထွက်လာမယ်လို့ သတင်းတွေထွက်ထားပါတယ်။

Ref : Gizmochina

Author