Samsung အနေနဲ့ လာမယ့် ၂၀၂၁ ဇန်န‌ဝါရီလလောက်မှာ သူ့တို့ရဲ့ Flagship Seriesအသစ်ဖြစ်တဲ့  Galaxy S21 Series ကိုမိတ်ဆက်လာဖို့စီစဉ်နေပြီပဲဖြစ်ပါတယ်။ ဒီ S21 Series ထဲမှာဆိုရင် Galaxy S21, Galaxy S21+, Galaxy S21 Ultra ဆိုပြီး Models သုံးမျိုးပါ၀င်လာဖို့ရှိနေပါတယ်။အခုမှာတော့ ဒီ ဖုန်းတွေရဲ့ Official ပုံတွေထွက်ရှိလို့လာခဲ့ပါပြီ။

S21 Ultra

ပုံတွေအရ S21 Series မှာ သိသိသာသ‌ာပြောင်းလဲထားတဲ့ Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။ Galaxy S21 နဲ့ Galaxy S21+ မှာ Triple Camera Setup ကိုတပ်ဆင်ပေးထားပြီး Galaxy S21 Ultra မှာတော့ Quad Camera Setup ကိုတပ်ဆင်ပေထားတာကိုတွေ့မှာပါ။ Model သုံးမျိုးစလုံးရဲ့ ရှေ့ဘက်မှာတော့ Centered Punch Hole တစ်ခုတပ်ဆင်ပေးထားပါတယ်။

S21

ဖုန်းတွေရဲ့ Specs တွေအနေနဲ့အမြင့်ဆုံး Model ဖြစ်တဲ့ S21 Ultra မှာ 6.8-inch Infinity-O AMOLED Curved Display ကိုသုံးပေးလာဖို့ရှိနေပြီး S-Pen လည်းထည့်ပေးလာမယ်လို့သိရပါတယ်။ S21 နဲ့ S21+ မှာတော့ရိုးရိုး Flat Display ကိုပဲသုံးပေးလာမှာပါ။ ဒီ Model နှစ်ခုမှာ‌‌ေတာ့ S-Pen ပါလာဦးမှာမဟုတ်ပါဘူး။

Camera ပိုင်းမှာတော့ S21 Ultra ရဲ့ Quad Camera Setup ထဲမှာ108-Megapixel Main Camera with OIS ၊ 10-Mgeapixel Periscope Telephoto Lens with OIS & 10x Optical Zoom ၊ 10-Megapixel Telephoto lens with 3x Optical Zoom ၊ 12-megapixel Ultra-Wide Lens စတဲ့ Camera တွေပါလာပါဖို့ရှိနေပါတယ်။ Selfie မှာတော့ Punch Hole ထဲမှာ 40 Megapixels Selfie Camera ထည့်ပေးလာမယ်လို့သိရပါတယ်။ S21 နဲ့ S21+ တို့ရဲ့ Camera Specifications တွေကိုတော့မသိရသေးပါဘူး။

S21 Series

ဖုန်းသုံးလုံးရဲ့ Performance အတွက်‌ေတာ့ US Region အတွက် Snapdragon 888 Chipset ၊ တစ်ခြား Region တွေအတွက် Exynos 2100 Chipset တို့နဲ့အားဖြည့်ပေးလာမှာပါ။ Software မှာတာ့ Android 11 အပေါ်အခြေခံထားတဲ့ OneUI 3.1 နဲ့ Run ပေးလာမှာပါ။ Software မှာတာ့ Android 11 အပေါ်အခြေခံထားတဲ့ OneUI 3.1 နဲ့ Run ပေးလာမှာပါ။

ဖုန်းတွေရဲ့ အရောင်အနေနဲ့ Galaxy S21 မှာ Phantom Violet, Phantom Pink, Phantom  Black, Phantom White ဆိုပြီး  လေးရောင် ၊   Galaxy S21+ မှာ Phantom Silver, Phantom Black, Phantom Violet ဆိုပြီး အရောင်သုံးရောင်ထွက်လာနိုင်ပါတယ်။နောက်ဆုံး Galaxy S21 Ultra ကတော့ Phantom Black, Phantom Silver နှစ်ရောင်ပဲထွက်လာမှာပါ။ 

ကဲမကြာခင်မှာထွက်လာတော့မယ့် S21 Series မှာဘယ်လို Features တွေကိုမြင်ချင်ကြလဲ?

Author