Samsung အနေနဲ့ ဇန်န‌ဝါရီလ ၁၄ ရက်နေ့မှာ  ၂၀၂၁  အတွက်ပထမဆုံး Samsung Galaxy Unpacked 2021Event ကိုကျင်းပလာတော့မယ်လို့အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။ ဒီ Unpacked 2021 Event မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Galaxy S21 Series ကိုတွေ့လာရတော့မှာပဲဖြစ်ပါတယ်။ ဒီ S21 Series နဲ့အတူ Galaxy Buds Pro TWS နားကြပ်ကိုပါတွေ့လာရဖို့ခန့်မှန်းရပါတယ်။ 

S21 Series နဲ့ပတ်သက်ပြီးအရင်လတွေကတည်းက Specs တွေနဲ့ ပုံတွေထွက်ခဲ့ပါတယ်။ပုံတွေအရဆိုရင် S21 Series ရဲ့ကျောဘက်မှာ  အရင် S20 Series နဲ့မတူဘဲ သိသိသာသာပြောင်းလဲထားတဲ့ Camera Setup ကိုတပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ ရိုးရိုး Galaxy S21 နဲ့ Galaxy S21+ မှာ Triple Camera Setup ကိုတပ်ဆင်ပေးထားပြီး Galaxy S21 Ultra မှာတော့ Quad Camera Setup ကိုတပ်ဆင်ပေထားတာကိုတွေ့မှာပါ။ Model သုံးမျိုးစလုံးရဲ့ ရှေ့ဘက်မှာတော့ Centered Punch Hole တစ်ခုတပ်ဆင်ပေးထားပါတယ်။ ဒီ Design ပိုင်းမှာသိသိသာသာထူးခြားနေတာကတော့ Purple အရောင်ပါပဲ… Purple အရောင်ရဲ့ Camera Setup အရောင်က ကျောဘက်အရောင်နဲ့မတူဘဲ ရွှေရောင်လိုလေးလုပ်ပေးထားတာကတော်တော်လေးမိုက်နေတယ်လို့ပြောလို့ရပါတယ်။

ဖုန်းတွေရဲ့ Specs တွေအနေနဲ့ကတော့ အမြင့်ဆုံး Model ဖြစ်တဲ့ S21 Ultra မှာ 6.8-inch Infinity-O AMOLED Curved Display ကိုသုံးပေးလာမယ်လို့သတင်းတွေထွက်ထားပါတယ်။ S-Pen လည်းထည့်ပေးလာမယ်လို့သိရပါတယ်။ Samsung အနေနဲ့ S-Pen ကို Note Series တွေမှာပဲထည့်ပေးနေတာကို  S21 Ultra မှာ S-Pen ထည့်ပေးလာမှာဆိုတာကြီးက နားလည်းရခက်ပါတယ်။ လိုင်းကြောင်သွားတော့မယ်ထင်တယ်။  S21 နဲ့ S21+ မှာတော့ရိုးရိုး Flat Display ကိုသုံးပေးလာမယ်လို့သိထားရတယ်။ ဒီ Model နှစ်ခုမှာ‌‌‌တော့ S-Pen မပါတော့ပါဘူး။

Camera ပိုင်းမှာတော့ S21 Ultra ရဲ့ Quad Camera Setup ထဲမှာ108-Megapixel Main Camera (with OIS) ၊ 10-Mgeapixel Periscope Telephoto Lens (with OIS & 10x Optical Zoom) ၊ 10-Megapixel Telephoto lens ( with 3x Optical Zoom)  ၊ 12-Megapixel Ultra-Wide Lens စတဲ့ Camera တွေပါလာပါဖို့ရှိနေပါတယ်။ Selfie မှာတော့ Punch Hole ထဲမှာ 40 Megapixels Selfie Camera ထည့်ပေးလာမယ်လို့သိရပါတယ်။ S21 နဲ့ S21+ တို့ရဲ့ Camera Specifications တွေကတော့မထွက်ထားပေးမယ့် Main Camera မှာ 108MP Camera  ကိုသုံးပေးလာနိုင်ပါတယ်။

ဖုန်းသုံးလုံးရဲ့ Performance အတွက်‌ေတာ့ US Region အတွက် Snapdragon 888 Chipset ၊ တစ်ခြား Region တွေအတွက် Exynos 2100 Chipset တို့နဲ့အားဖြည့်ပေးလာမှာပါ။  Exynos 2100 Chipset ဆိုမှ ဒီ Exynos 2100 Chipset ဟာ Snapdragon 888 Chipset ထပ် Peformance မှာပိုသာနေတယ်လို့ သတင်းတွေထွက်ထားတာမို့လို့ Snapdragon 888 Chipset  နဲ့ Exynos 2100 Chipset ပြိုင်ပွဲကတော့စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ Software မှာတာ့ Android 11 အပေါ်အခြေခံထားတဲ့ OneUI 3.1 နဲ့ Run ပေးလာမှာပါ။ နောက်ဆုံးဈေးနှုန်းအနေနဲ့ကတော့ ဈေးနှုန်းအတိအကျကိုမသိရသေးပေမယ့် ‌S20 Series ထက်ဈေးပိုသက်သာလာမယ်လို့သတင်းတွေထွက်ထားပါတယ်။ 

ကဲစာဖတ်သူအနေနဲ့ S21 Series မှာဘယ်လို Features တွေကိုမြင်ချင်ကြလဲ?

Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Ref : Gizmochina

Author