Realme အနေနဲ့ ၂၀၂၀ နှစ်ကုန်ခါနီးအချိန်လောက်တုန်းက သူတို့ရဲ့ Mid-range Series အသစ်ဖြစ်တဲ့ realme 7 Series ကိုကျွန်တော်တို့ မြန်မာနိုင်ငံမှာမိတ်ဆက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် realme အနေနဲ့ လတိုင်းမှာ ဖုန်းအသစ်တွေကိုမိတ်ဆက်ဖို့စီစဉ်တတ်ပေမယ့်လည်း ဒီ realme 7 Series ထွက်ပြီးတဲ့အချိန်ကနေစပြီးRealme ရဲ့ ဖုန်းအသစ်တွေနဲ့ပတ်သက်ပြီး သတင်းတွေ ငြိမ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု ဇန်နဝါရီလကုန်မှာတော့  realme ရဲ့ Budget ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ realme C20 ထွက်လာတော့မယ့်အကြောင်းသတင်းတွေစထွက်လာပြီပဲဖြစ်ပါတယ်။ ဒီ realme C20 ဟာဆိုရင် Vietnam နိုင်ငံမှာတော့ တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကိုတော့မကြာခင်မှာစမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ 

ဆိုတော့ဖုန်းမှာဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ Specs တွေပါနေမလဲ??

အောက်မှာတစ်ချက်လေ့လာကြည့်လိုက်ရအောင်…

Realme C20 Specifications

Specs တွေအနေနဲ့  realme C20 မှာ 720 x 1600 pixels resolution ရှိတဲ့  6.5-inch HD+ display  ကိုသုံးပေးထားပြီး ဒီ Display ကို  Gorilla Glass 3 နဲ့ကာကွယ်ပေးထားပါတယ်။ Screen-to-body Ratio အနေနဲ့တော့  89% အထိရှိပါတယ်။

Performance အတွက်  MediaTek Helio G35 SoC ကို 2GB RAM, 32GB internal storage နဲ့တွဲပေးထားပါတယ်။ Storage ထပ်စိုက်ချင်တဲ့သူတွေအတွက်လည်း  256GB  microSD card အထိထပ်စိုက်လို့ရမယ်လို့သိရပါတယ်။ Software ပိုင်းမှာတော့ Android 10 အပေါ်အခြေခံထားတဲ့ realme UI 1.0 နဲ့ Run ပေးထားပါတယ်။ ထူးထူးခြားခြားပဲ ဖုန်းမှာ Fingerprint Sensor ပါလာခြင်းတော့မရှိပါဘူး။ fingerprint sensor ပါလာခြင်းမရှိတဲံ့အတွက် ဖုန်းကို PIN ဒါမှဟုတ် Pattern ကနေပဲ Unlock လုပ်လို့ရတော့မှာပါ။ 

Camera ပိုင်းကိုဆက်ရရင်  realme C20 ရဲ့ ကျောဘက်မှာ 8MP sensor ကို LED flash တစ်ခုနဲ့တွဲပေးထားတာကိုတွေ့ရမှာပါ။ Selfie အတွက်တော့ Waterdrop Notch ထဲမှာ 5MP Camera ကိုတပ်ဆင်ပေးထားပါတယ်။ Battery မှာတော့ 10W Charging ထောက်ပံ့ပေးထားတဲ့ 5,000mAh Battery ကိုအသုံး‌ပြုပေးထားပါတယ်။ Connectivity ပိုင်းမှာတော့ dual-band Wi-Fi, Bluetooth 5.0, GPS, micro-USB port တွေပါဝင်ထားပါတယ်။ ဖုန်းရဲ့အလေးအချိန်နဲ့ အရွယ်အစားကတော့ 165.2 x 76.4 x 8.9mm ၊ 190 grams ဆိုပြီးအသီးသီးရှိပါတယ်။

နောက်ဆုံးဈေးအနေနဲ့ကတော့ realme C20 ဟာ Vietnam မှာ VND 2,690,000 ($117) (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) နဲ့ထွက်လာပါတယ်။ အရောင်အနေနဲ့ကတော့ Gray, Blue ဆိုပြီးနှစ်ရောင်ရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။

ကဲ realme C20 အပေါ်အမြင်လေးတွေကို Comments မှာဝင်ရောက်ဆွေးနွှေးသွားကြပါဦးခင်ဗျာ…

Ref : Gizmochina

Author